ဂျင်းဘောင်းဘီ မှာ ဖက်ရှင်ဒီဇိုင်းအမျိုးမျိုး၊ အရောင်အမျိုးမျိုး ရှိကြပါတယ်။ သူ့ခေတ်အချိန်အခါပေါ်မူတည်ပြီး ခေတ်စားတဲ့စတိုင်လ်တွေကလည်း ပြောင်းလဲတတ်ပါတယ်။

ဟိုးအရင်အချိန်တုန်းကဆိုရင် ခေါင်းလောင်းဘောင်းဘီလို ဂျင်းဘောင်းဘီပွပွတွေ ခေတ်စားခဲ့ပြီး ယနေ့ခေတ်မှာတော့ ဘောင်းဘီအကြပ်၊ ဂျင်းဘောင်းဘီအပြဲတွေက ရေပန်းစားနေပါတယ်။

ဂျင်းဘောင်းဘီဝတ်ရတာ ကြိုက်နှစ်သက်တဲ့ ဖက်ရှင်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ဂျင်းဘောင်းဘီအရောင်ဖျော့ကို ဘယ်လိုအင်္ကျီ၊ ဘယ်လိုဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်သင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

အမဲရောင် (သို့) Pattern အကွက်တွေနဲ့ တွဲဝတ်ပါ။

ဘောင်းဘီအရောင်က ဖျော့တယ်ဆိုတော့ အင်္ကျီကို ဆန့်ကျင်ဘက် အရောင်တောက်တောက်ဦးစားပေးပါ။ အမဲရောင်ကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့ အရောင်တစ်မျိုးပဲဖြစ်ပါတယ်။ အမဲရောင်ဆို ဘယ်လိုဖိနပ်အရောင်နဲ့မဆို လိုက်ဖက်မှုရှိနေမှာပဲဖြစ်ပါတယ်။

အပေါ်ဂျင်း၊ အောက်ဂျင်း

ဂျင်းဝမ်းဆက်တွေကလည်း ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ဖက်ရှင်တစ်မျိုးပါပဲ။ အပေါ်ဂျင်း၊ အောက်ဂျင်းဝတ်တဲ့အခါ ဂျင်းဘောင်းဘီ ဒဲ့ပွထက်စာရင် ဆွဲသား ဂျင်းအကြပ်က ပိုဖက်ရှင်ကျနေမှာပါ။

အင်္ကျီ အထဲထည့်ဝတ်ပြီး ခါးပတ်ပတ်ပါ။

ပုံထဲကလို နှစ်ထပ်၊ သုံးထပ် ဝတ်ချင်တယ်ဆိုရင်တော့ အေးတဲ့နိုင်ငံတွေသွားမှပဲ ဝတ်ဆင်လို့ရပါမယ်။ အခုလိုပူအိုက်တဲ့ရာသီမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး။

အဲ့ဒီလို နှစ်ထပ်၊ သုံးထပ်ဝတ်မယ့်အစား ရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်ပြီး ခါးပတ် ပတ်ထားလိုက်ရုံနဲ့တင် လုံလောက်ပါပြီ။

သတိထားရမယ့်နောက်တစ်ချက်ကတော့ ဂျင်းဘောင်းဘီက ရှည်နေတယ်ဆိုရင် အောက်အနားစကို ခေါက်ထားပေးဖို့ပါပဲ။

အရောင်တောက်တောက်အင်္ကျီတွေနဲ့ တွဲဝတ်ပါ။

ဘောင်းဘီက အရောင်ဖျော့တယ်ဆိုတော့ အင်္ကျီအရောင်တောက်တောက်နဲ့ တွဲဝတ်ရင် ဖက်ရှင်ကျကျနဲ့ ပေါ်လွင်ထင်ရှားနေမှာပဲဖြစ်ပါတယ်။