Tennis ဆော့တဲ့အချိန်တင်မဟုတ်ဘဲ Outfit အနေနဲ့ပါ ဝတ်လို့ရတဲ့ Tennis Skirt လေးတွေ ကြိုက်တဲ့ပျိုမေတွေအတွက် ရာသီဥတုမရွေး ဝတ်လို့ရတဲ့ Tennis Skirt Outfits တချို့ကို ဝေမျှပေးချင်ပါတယ်။

အခုလိုပူတဲ့နွေရာသီလို ဒီလို T Shirt လေးတွေနဲ့တွဲဝတ်တာက လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးရှိပါတယ်။

အအေးဓာတ်နည်းနည်းရှိချိန်ဆို အပေါ်က Cardigan လေးနဲ့တွဲဝတ်လိုက်ပါ။

French look လေးကြိုက်ရင်တော့ Tennis Skirt ကို Blazer လေးနဲ့တွဲဝတ်ပြီး Beret လေးဆောင်းလိုက်ပါ။

ပွဲတက်တာမျိုးမှာဝတ်ချင်ရင်တော့ ဒီလိုအဖြူရောင် Blazer ၊ ရွှေရောင် Boots တို့နဲ့တွဲဝတ်လိုက်ရင် အများကြားမှာ ထင်းနေမှာအသေချာပါ။

Tennis Skirt ကို ဒီလိုဆွယ်တာလေးနဲ့တွဲဝတ်တာကလည်း ပေါ့ပေါ့ပါးပါးအတွက်ဆို အဆင်ပြေပါတယ်။

ဆွယ်တာနဲ့တွဲဝတ်တာကိုမှ အေးတဲ့အချိန်မှာဆိုရင် ဒီလို Boots လေးနဲ့တွဲဝတ်တာက သင့်ဖက်ရှင်ကို ပိုပြည့်စုံစေမှာပါ။

သူငယ်ချင်းတွေနဲ့ Camp သွားတဲ့အချိန် Tennis Skirt ကို အပေါ်က ရှပ်အဖြူ Boots လေးနဲ့တွဲဝတ်တာက လူငယ်ဆန်တဲ့ Vibe ကို ရမှာပါ။

ဒီလို Tank လေးနဲ့တွဲဝတ်တာကတော့ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်ပါ။

Korea Look မျိုးကြိုက်တယ်ဆိုရင်တော့ ဒီလိုလေးဝတ်ကြည့်ပါ။