[Zawgyi]










http://m.me/gio.myanmar )


http://m.me/gio.myanmar )


[Unicode]

အွန်လိုင်းရှော့ပင်းအများစုရဲ့ Website တွေမှာ Chatbots တွေ ဘာကြောင့် နေရာယူလာကြတာလဲ။ အကြောင်းအရင်းကတော့ အင်မတန်ရိုးရှင်းပါတယ်။ Ecommerce လို့ခေါ်တဲ့ အွန်လိုင်းဈေးကွက်တွေအားလုံးရဲ့ အဓိကဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်ရောက်ရှိစေနိုင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ Online ဈေးကွက်မှာ Chatbots တွေကို အသုံးပြုခြင်းဟာ Customer တွေနဲ့ ပြောဆိုဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်လို့ ရောင်းလိုအားကို အထူးမြင့်တက်လာစေနိုင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုမ္ပဏီအတော်များများမှာလည်း Alice ကိုသုံးနေကြခြင်းရဲ့ အဓိကရည်ရွယ်ချက်က အရောင်းအင်အားတိုးမြှင့်ဖို့၊ ဝယ်ယူသုံးစွဲသူတွေကို ဝန်ဆောင်မှုပိုမိုအလေးပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Misfit Technologies ဟာ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားပြီး Customer တွေအတွက် Alနည်းပညာသုံး chatbots ဖြင့်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

http://m.me/MaybellineNewYorkMyanmar )

အခုလက်ရှိဆိုရင် Facebook Messenger မှာ Chatbots ပေါင်း တစ်သိန်းကျော်ကို အသုံးပြုလာကြပါတယ်။ ထို Bots တွေက ကုန်ပစ္စည်းတွေ အကြံပေးခြင်း၊ အော်ဒါလက်ခံပေးခြင်း၊ ဝယ်ယူသူ၏ အချက်လက်‌တွေကို စုစည်းပေးခြင်း စသည်ဖြင့် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အကယ်၍ ကိုယ့်ဈေးကွက်ထဲက ဝယ်ယူလိုသူတွေသာ Facebook Messenger သုံးမယ်ဆိုရင် Chatbot တွေရဲ့ အရေးပါပုံတွေကို ထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။ ဤ Chatbot တွေမှတစ်ဆင့် ဝယ်သူအသစ်တွေကို ချိတ်ဆက်ပေးလာမယ်၊ ဝယ်သူတွေနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုမှုမှတဆင့် အချိတ်ဆက်တွေ တိုးပွား လာစေနိုင်ပါတယ်။ ဒါကြောင့် အွန်လိုင်းဈေးကွက်ထဲမှာ Alice ရဲ့အခန်းကဏ္ဍနှင့်တကွ ဤအရာက မြန်မာပြည်ရှိ ကုန်ပစ္စည်းအမှတ်တံဆိပ်အတော်များများ၏ Product တွေကို ဝယ်ယူအားပေးသူတွေအနေနဲ့ စိတ်ဝင်တစားရှာဖွေစေချင်ပြီး ကိုယ့်ပစ္စည်းကိုပဲအာရုံကျကာ ဝယ်သူများ၏ လက်စွဲဖြစ်လာစေတဲ့ထိ ဘယ်လိုစွမ်းဆောင်နိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

http://m.me/MaybellineNewYorkMyanmar )

Alice လို Chatbots တွေအနေနှင့် ဝယ်ယူလိုသူပေါင်းများစွာကို တစ်ပြိုင်နက်ထဲမှာ ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးနိုင်ပါတယ်။ သူတို့ကိုအသုံးပြုခြင်းအားဖြင့် အလိုအလျောက်လည်ပတ်နေနိုင်တယ်၊ အချိန်အကန့်သတ်မရှိ ဝန်ဆောင်မှုပေးနေသည့်အတွက် ဝန်ထမ်းတွေခန့်အပ်ပြီး လုပ်ဆောင်ရတာထက်စာရင် ငွေကုန်ကြေးကျသက်သာစေတယ်လို့ ပြောလို့ရပါတယ်။ ဝယ်သူတွေကိုလည်း အချိန်စက်ဝန်းတွေဘယ်လိုပြောင်းပြောင်း စာပြန်တဲ့နှုန်းက တသမတ်ထဲပဲသွားမှာဖြစ်ပါတယ်။ Alice အနေနှင့် သင်လိုချင်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုစီ၏ ထုတ်ကုန်အားလုံးကို သင့်ရဲ့ Messenger မှတစ်ဆင့် တစ်စုတစ်စည်းထဲ ဖော်ပြပေးနိုင်သလို တစ်ဆက်တည်းမှာပဲ မှာယူအားပေးနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ထို Chatbot မှာဆိုရင် ရွေးချယ်စရာအမျိုးအစားပေါင်း များစွာပြသထားတာကြောင့် ဈေးဝယ်သူစိတ်တိုင်းကျ အချိန်ကုန်သက်သာစွာနဲ့ ရွေးချယ်နိုင်ပါတယ်။

http://m.me/MaybellineNewYorkMyanmar )

သင့်ရဲ့အွန်လိုင်းဈေးကွက်အတွက် Chatbot တစ်ခုကို သုံးတော့မယ်ဆိုရင် အကျိုးရှိစေမယ့် စကားပြောအသုံးနှုန်းတွေကို ပရိုဂရမ်တစ်ခုအနေနဲ့ ထည့်သွင်းရပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သင့်အမှတ်တံဆိပ်ကို ကြော်ငြာရာကနေ အိမ်တိုင်ရာရောက်ပို့ဆောင်ဖြစ်တဲ့အထိ ရောင်းသူနဲ့ဝယ်သူကြားက Process တစ်ခုလုံးကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆိုင်တွေမှာခင်းကျင်းပြထားသလို မြင့်မားတဲ့စင်ကြီးတွေကို သုံးနေရမယ့်အစား အွန်လိုင်းပေါ်မှတစ်ဆင့် ကုန်ပစ္စည်းတွေကို စုံစုံလင်လင် ရွေးချယ်နိုင်ပြီး ဝယ်ယူအားပေးစေနိုင်တာကတော့ Alice ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပါပဲ။ ဘာလို့လဲဆိုတော့ Alice အနေနဲ့ သုံးစွဲသူတွေအလိုရှိရာ ကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ အွန်လိုင်းဈေးကွက်ကို Links တွေမှတဆင့် လမ်းညွန်ပေးနိုင်လို့ပဲဖြစ်ပါတယ်။ Chatbot တွေကို သုံးစွဲမှုအချိန်ကြာလာတာနဲ့အမျှ ဝယ်ယူအားပေးသူတွေကို တိုးပွားလာစေနိုင်လို့ သင့်ကုန်ပစ္စည်းကြော်ငြာခအတွက် ငွေကုန်ကြေးကျခံစရာမလိုတော့ဘဲ မထင်မှတ်ထားလောက်အောင် ရောင်းအားတွေတိုးမြှင့်လာစေနိုင်ပါတယ်။

http://m.me/MaybellineNewYorkMyanmar )

ငွေရှင်းကောင်တာမှာ စာရင်းလွဲချော်မှု၊ မထင်မှတ်ထားတဲ့ ပြဿနာများနဲ့ ဈေးဝယ်သူတွေ များပြားပိတ်ဆို့ပြီး စောင့်ဆိုင်းရမှုတွေအားလုံးကို Chatbot က ဖြေရှင်းပေးနိုင်လို့ ကုန်ပစ္စည်းရဲ့ရောင်းအားကို လျော့ကျသွားစေမှာမဟုတ်ပါဘူး။ Bots တွေအနေနဲ့ ဈေးဝယ်သူတွေကို သင့်တော်ပြီး အားကိုးအားထားဖြစ်စေမယ့် အကြံပြုချက်တွေလည်း ပေးစွမ်းနိုင်ပါတယ်။ ထို့အတွက် ဈေးဝယ်သူလိုချင်တဲ့အရာအပြင် လိုအပ်မယ့်အရာတွေကိုပါ တိုးချဲ့ရောင်းချပေးနိုင်သလို အခြားသော ကုန်ပစ္စည်းတွေကိုလည်း မိတ်ဆက်ပေးရင်း ထပ်တိုးရောင်းချပေးနိုင်ပါလိမ့်မယ်။ Alice မှတစ်ဆင့် ကိုယ်မှာယူလိုက်တဲ့ ပစ္စည်းတည်နေရာကိုလည်း သိရှိစေနိုင်သလို ကုမ္ပဏီတွေအနေဖြင့်လည်း ဈေးဝယ်သူများ၏ အော်ဒါတွေကို စီမံနိုင်စေပါတယ်။ အကြောင်းအရင်းကတော့ Chatbot မှာ ဈေးဝယ်သူများ၏ အချက်အလက်တွေသာမက ကုန်ပစ္စည်းအချက်အလက်တွေကိုပါ အချိန်နဲ့တပြေးညီ စုစည်းပေးထားနိုင်တဲ့ စနစ်တစ်ခုထည့်သွင်းပါရှိလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဈေးဝယ်သူတွေအနေဖြင့် မိမိလိုချင်တဲ့ ကုန်ပစ္စည်းဆိုင်ခွဲတွေဟာ ကိုယ်နေထိုင်ရာနိုင်ငံရဲ့ ဒေသခွဲအတော်များများမှာရှိနေရင်တောင် Chatbot မှတစ်ဆင့် တစ်စုတစည်းထဲ လေ့လာကြည့်ရှုစေနိုင်တာကြောင့် Chatbot တွေဟာ ဈေးဝယ်သူများ၏ လိုတိုင်းရ၊ တတိုင်းရစေနိုင်မယ့် လိုတရလေးတွေလို့တောင် ပြောလို့ရပါတယ်။

http://m.me/gio.myanmar )

ယခုခေတ်မှာဆိုရင် အွန်လိုင်းဈေးကွက်တွေမှာ အရေးကြီးဆုံးက ဈေးဝယ်သူတွေကို စိတ်တိုင်းကျစေမယ့် ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ဈေးဝယ်သူတွေနဲ့ စတင်တွေ့ဆုံရာကနေ ကိုယ့်ကုန်ပစ္စည်းတွေကို Recommend ပေးခြင်း၊ ဝယ်ယူအားပေးခြင်းနှင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်းဆိုတဲ့ အခြေအနေထိ ရောက်စေနိုင်ဖို့ဆိုရင် ကိုယ့် Customer ရဲ့လိုအပ်ချက်နဲ့ စိတ်ဝင်စားမှုကို ကောင်းကောင်းနားလည်ထားဖို့ လိုအပ်ပါမယ်။ Chatbot တွေကိုသုံးမယ်ဆိုရင်တော့ Customer နဲ့ တိုက်ရိုက်ဆက်သွယ်ရာမှာ ငွေကုန်ကြေးကျလည်း နည်းစေနိုင်သလို ဘယ်သူ့အကူညီမှမပါဘဲ နာရီပေါင်းများစွာ Customer ကို ပြန်လည်ဖြေကြားပေးနိုင်တာဖြစ်လို့ Customers တွေရဲ့ စိတ်တိုင်းကျမှုကို ရရှိစေမှာအသေအချာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ Customer တွေအနေနဲ့ ကိုယ့်ကုန်ပစ္စည်းကိုမြင်တာနဲ့ ဝယ်လို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် တွဲမြင်လာစေနိုင်ပြီး သူတို့၏ မိသားစုဝင်တွေ၊ သူငယ်ချင်းအပေါင်းသင်းတွေအထိ လက်ဆင့်ကမ်းအသိပေးလာမှာပဲဖြစ်ပါတယ်။ Customer တွေအနေနှင့် ကိုယ်ဝယ်ယူအားပေးလိုက်တဲ့ Product နဲ့ ပတ်သက်ပြီး Feedback တွေကို Alice မှတဆင့် ပြန်လည်ပေးပို့နိုင်သလို ဝန်ဆောင်မှုအေးဂျင့်တွေဖြင့်လည်း တိုက်ရိုက်စကားပြောနိုင်တဲ့အတွက် လိုအပ်ချက်တွေကို ၂၄ နာရီ အသိပေးနိုင်မှာဖြစ်ပါတယ်။

http://m.me/gio.myanmar )

စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ့ အဓိကရည်မှန်းချက်က အမြတ်အစွန်းတွေ တိုးပွားလာစေဖို့ပဲဖြစ်ပါတယ်။ ဒီလိုအမြတ်အစွန်းတွေ တိုးပွားလာစေဖို့ဆိုရင် ကိုယ့်ရဲ့ Customer အဟောင်းအသစ်အားလုံးကို ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးလာအောင် ရောင်းချတတ်ဖို့လည်းလိုပါတယ်။ ထို့အတွက် Customer တွေနဲ့ နီးစပ်မှုရှိပြီး လိုအပ်တာမှန်သမျှသိနိုင်စေဖို့ ကိုယ့်ရဲ့အွန်လိုင်းဈေးကွက်တွေဖြစ်တဲ့ Website၊ App နဲ့ Facebook တွေမှာ Chatbot ကိုအသုံးပြုခြင်းဖြင့် ထိုးဖောက်နိုင်ပါတယ်။ အွန်လိုင်းဈေးကွက်မှာ အောင်မြင်ချင်တယ်ဆိုရင်တော့ လက်လီဖြန့်ချီသူတွေအနေနဲ့ Customers တွေ များလာရုံနဲ့မလုံလောက်ပါဘူး။ ရှိပြီးသား မိတ်ဟောင်း Customers တွေကိုပါ ဆက်လက်ထိန်းထားနိုင်ဖို့လိုပါတယ်။ ဒီလိုအရာတွေအတွက်ဆိုရင်တော့ Alice က အမြဲအကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ Chatbots တွေက ကိုယ့်ရဲ့ဈေးဆိုင်ဆီသို့ Customers တွေအနေနဲ့ လာပြီးရင်းလာချင်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Bots တွေက Customers တွေနဲ့ တရင်းတနှီး စကားပြန်လည်ပြောကြားပေးတာမျိုးကနေ ဝယ်သူနဲ့ရောင်းသူကြားက ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေနိုင်လို့ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ မြန်မာနိုင်ငံရှိ ကုမ္ပဏီအများစုဟာ Alice ကို သူတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ရေရှည်တည်တံ့စေဖို့နဲ့ ရောင်းအားတိုးတက်စေရေးတို့မှာ အထောက်အပံ့ကောင်းတစ်ခုအဖြစ် အသုံးပြုနေကြရခြင်းပဲဖြစ်ပါတယ်။