မင်္ဂလာပါနော်။ အလှမယ်အေးချမ်းမိုးကို အားလုံးရင်းနှီးကြမှာပါ။

လက်ရှိမှာ စီစဉ်တင်ဆက်သူလည်းဟုတ်သလို အလှမယ်၊ ဆရာဝန် စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Miss Universe Myanmar 2013 မှာ First Runner Up ဆုရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ Miss Grand Myanmar အဖြစ် ဗီယက်နမ်မှာကျင်းပတဲ့ Miss Grand ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ အများကြီးရှိခဲ့ပေမယ့် အေးချမ်းမိုးကတော့ သူမလုပ်စရာရှိတဲ့ အလုပ်ကိုပဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း သူမရဲ့ အနုပညာ ခရီးကို ဆက်လက်လျှောက်လှမ်းနေသူဖြစ်ပါတယ်။

မြန်မာဆန်ဆန်လေးလည်း မကြာခဏဆိုသလို ဝတ်ဆင်လေ့ရှိသလို ဆံပင်ရှည်ရှည်လေးမို့ မြန်မာဝတ်စုံလေးနဲ့ဆို သိပ်လိုက်ဖက်တယ်လို့ မြင်မိပါတယ်။

ဒီတစ်ခါမှာတော့ အေးချမ်းမိုးရဲ့ မြန်မာဝတ်စုံတွေကို မျှဝေပေးလိုက်ပါတယ်နော်။ မြန်မာဝတ်စုံဖက်ရှင်ကြိုက်တဲ့ ပျိုမေတို့လည်း လိုက်ပြီးအတုယူ ချုပ်ဝတ်လို့ရတာမို့ ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။