ကျွန်မတို့တွေအားလုံးဟာ ကိုယ့်ကိုကိုယ်တော့ လုပ်တာမှန်ကန်တယ်လို့ ယူဆကြပါတယ်။ Air Dryer နဲ့ လက်တွေကို အခြောက်ခံတာ၊ ပန်းကန်တွေကို စိမ်ထားတာ စတာတွေပါ။

ဒါပေမယ့်လည်း သင်သတိမထားမိဘဲ ပြုလုပ်မိတဲ့ တကိုယ်ရေသန့်ရှင်းရေးအလေ့အထတွေက သင့်ရဲ့ ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်ပျက်စီးစေပါတယ်။

၁။ ပန်းကန်တွေကို ရေ ဆပ်ပြာနဲ့ အကြာကြီးစိမ်ထားခြင်းဟာ ဘက်တီးရီးယားတွေ ပိုမိုပြန့်ပွားစေပါတယ်။

၂။ လက်ကို ရေနွေးနဲ့ ဆေးတာက တကယ်တော့ ဘက်တီးရီးယားတွေကို မသေစေနိုင်ပါဘူး။ ခဏခဏ ဆေးမယ်ဆိုရင် အသားအရေနီတာ ရောင်ရမ်းတာမျိုးဖြစ်စေနိုင်ပါတယ်။

၃။ မိတ်ကပ်လိမ်းပြီး လေ့ကျင့်ခန်းလုပ်တာဟာ အသားအရေကို ပိုပြီးပျက်စီးစေပါတယ်။

၎။ အခြောက်ခံစက်နဲ့ လက်ကိုအခြောက်ခံတာမျိုးထက် တဘက်နဲ့ သုတ်ပေးတာ စိတ်အချရဆုံးပါပဲ။

၅။ အစားအသောက်သယ်တဲ့ အိတ်ကို တစ်မျိုးတည်းအကြာကြီးအသုံးပြုခြင်း။

၆။ အသားငါးတွေလှီးတဲ့ Cutting Board နဲ့ အသီးအရွက်တွေလှီးတဲ့ Cutting Board ကို အတူတူ သုံးခြင်း

၇။ ကော်ဖီဖျော်စက်တစ်ခုတည်းနဲ့ ကော်ဖီတွေ အမြဲတမ်းဖျော်ခြင်း။

၈။ ဆောင်းရာသီဝတ်တဲ့အဝတ်အစားတွေကို နွေရာသီမှာလျှော်ခြင်း

၉။ အသား၊ ငါးတွေကို အေးခဲမထားဘဲ အခန်းတွင်းအပူချိန်မှာထားခြင်း

၁၀။ အချိုပွဲကို တစ်ယောက်တည်းစားခြင်းထက် သူငယ်ချင်းတွေနဲ့ မျှဝေစားပေးပါ။ ဒါဟာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ မျှဝေခြင်းအတွက်ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဖျားနာနေသူရှိရင်တော့ ခွဲစားပါ။