Relationship တစ်ခုအဆုံးသတ်တဲ့အခါ နာကျင်စရာကောင်းတဲ့ လမ်းခွဲမှုတစ်ခုကို ဖြတ်ကျော်ဖို့က မလွယ်သလို ဒီလိုစိတ်ဝေဒနာခံစားရပြီးရင် ပြန်ထဖို့ကလည်း မလွယ်ဘဲ ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့အရာတိုင်းအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မရတာမလို့ လမ်းခွဲပြီးနောက်ပိုင်း ကိုယ့်ဘဝအတွက် ပျော်ရွှင်မှုဆိုတာကို ဘယ်လိုရှာရမလဲ၊ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

လမ်းခွဲပြီးတဲ့အခါ ပထမဆုံးလုပ်ရမှာက ရည်းစားဟောင်းရဲ့ အမှတ်ရစရာတွေအားလုံးကို ရှင်းပစ်ဖို့ပါပဲ။ သူပေးခဲ့တဲ့ ပစ္စည်းတွေကို မီးရှို့တာ၊ လွှင့်ပစ်တာမျိုးမလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ ဒီပစ္စည်းတွေကို သေတ္တာထဲထည့်ထားလိုက်ပါ။

ရည်းစားဟောင်းကိုမေ့ပစ်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ်ဖြတ်ပစ်ဖို့ လိုပါတယ်။ ဒါကြောင့် ရည်းစားဟောင်းကို Social Media မှာ တတ်နိုင်သမျှ Unfollow လုပ်လိုက်ပါ။ အဆက်အသွယ်နည်းလေလေ မေ့ဖို့ပိုလွယ်လေပါ။

လမ်းခွဲပြီးရင် အများစုက သူတို့ရဲ့ ရည်းစားဟောင်းရဲ့ ကောင်းကွက်အားလုံးကို သတိရမိတတ်ကြပါတယ်။ ဒီလိုသတိရမယ့်အစား ” လွမ်းစရာရှိ နာတာနဲ့ဖြေ ” ဆိုတဲ့စကားပုံအတိုင်း ရည်းစားဟောင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာတွေသာ ပြန်တွေးပြီး မေ့ပစ်ဖို့ကြိုးစားပါ။

လမ်းခွဲပြီးနောက် ပိုကောင်းလာဖို့ အဓိကသော့ချက်က သင့်ကိုယ်သင်ဂရုစိုက်ဖို့ပါ။ အားကစားလုပ်တာ ၊ ကြိုက်တဲ့အစားတွေ ရွေးစားတာ ၊ အိပ်ရေးဝအောင်အိပ်တာ ၊ အလှပြင်တာစသဖြင့် နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

အခန်းထဲပိတ်ပြီး ငိုနေမယ့်အစား မိသားစုနဲ့ သူငယ်ချင်းတွေကို ဖုန်းခေါ်ဖို့ အချိန်ပေးပါ။ အတူတူအချိန်ဖြုန်းဖို့ ကြိုးစားပါ။ ကိုယ့်ကိုချစ်ပြီး အားပေးတဲ့သူတွေနဲ့ ရယ်စရာ ဒါမှမဟုတ် ပျော်စရာတစ်ခုခုလုပ်ခြင်းရဲ့စွမ်းအားကို ဘယ်တော့မှလျှော့မတွက်ပါနဲ့။

ရည်းစားဟောင်းဟာ သူ့ရဲ့ အမှားကိုသိပြီး ပြန်လာဖို့တွေးနေရင် ၊ ဇာတ်လမ်းပြီးသွားပြီဆိုတာကို လက်မခံဘူးဆိုရင် သင်ဟာ ဒီထဲမှာဘဲ ပိတ်မိနေပါလိမ့်မယ်။ ဒါကြောင့် ဆက်ဆံရေးက ပြီးသွားပြီးမလို့ ရှေ့ဆက်ဖို့အချိန်ရောက်ပြီဆိုတာကို သိဖို့လိုပါတယ်။ ပြီးသွားပြီဆိုတာ လက်ခံနိုင်အောင် ကြိုးစားပါ။