[Zawgyi]
ညဘက္ေကာင္းစြာ မအိပ္စက္ရတဲ့အခါ တစ္ေန႔တာလံုးမွာ မရႊင္လန္းဘဲ စိတ္ဆိုးလြယ္ ေဒါသထြက္လြယ္တာကို လူတိုင္းခံစားဖူးမွာပါေနာ္။ အဲ့လိုပဲ အေရာင္ေတြကလည္း သင့္စိတ္ခံစားခ်က္ကို ေျပာင္းလဲေပးႏိုင္တာကိုလည္း သင္သိၿပီးသားျဖစ္မွာပါ။
အဲ့ဒါဆိုရင္ ဘယ္အေရာင္က ဘယ္လိုစိတ္ခံစားခ်က္ကို ျဖစ္ေစလဲဆိုတာ ဆက္လက္ ဖတ္႐ွဳၾကည့္ရေအာင္ေနာ္။
၁။ အျပာေရာင္
Photo Source: www.10wallpaper.com
အျပာေရာင္က စိတ္ကို ၿငိမ္ေအးေစၿပီး စြမ္းအင္ေတြကို ထုတ္လႊတ္ေပးကာ ေကာင္းစြာအလုပ္လုပ္ႏိုင္ေအာင္ ျပဳလုပ္ေပးပါတယ္။ ဒါေပမဲ့ အျပာေရာင္ေတြခ်ည္းပဲ လႊမ္းျခံဳထားတဲ့ ပတ္ဝန္းက်င္က စိတ္ဓာတ္က်ေစပါတယ္။
၂။ အမဲေရာင္
Photo Source: www.svardbrogard.com
အမဲေရာင္က စြမ္းအင္နဲ႔ အာဏာကို ကိုယ္စားျပဳပါတယ္။ သင့္ကို အျခားသူေတြထက္ ပိုသာတယ္ဆိုတဲ့ စိတ္ခံစားမႈကို ျဖစ္ေပၚေစမွာပါ။ တစ္ေယာက္တည္း သီးသန္႔ေနတတ္တဲ့ Introvert ေလးေတြအတြက္ေတာ့ အကာအကြယ္ေပးတဲ့ အေရာင္ေလးေပါ့။
၄။ အစိမ္းေရာင္
Photo Source: 7-themes.com
အားလံုးသိၾကတဲ့ အတိုင္းပဲ အစိမ္းေရာင္ကေတာ့ အျမင္အာ႐ံုေကာင္းေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့ အေရာင္ေလးပါ။ မ်က္စိကို ၿငိမ္းေအးေစၿပီး တည္ၿငိမ္ေအးခ်မ္းမႈ၊ အေကာင္းျမင္စိတ္ရွိဖို႔အတြက္ အစိမ္းေရာင္က လုပ္ေဆာင္ေပးႏိုင္ပါတယ္။
၅။ အဝါေရာင္
Photo Source: hellogiggles.com
ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အေကာင္းျမင္စိတ္႐ွိတဲ့သူေတြအမ်ားစုက အဝါေရာင္ကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒါေပမဲ့ အဝါေရာင္ေတာက္ေတာက္ႀကီးကေတာ့ ေဒါသကို လႈ႔ံေဆာ္တတ္ပါတယ္။
၆။ အနီေရာင္
Photo Source: www.wordsiseek.com
အနီေရာင္ကေတာ့ စိတ္အားထက္သန္မႈ၊ စိတ္လႈပ္ရွားမႈနဲ႔ စြမ္းအားႀကီးမႈကို ကိုယ္စားျပဳပါတယ္။ လံုေလာက္တဲ့ အနီေရာင္ကို ျမင္ေတြ႔ရမယ္ဆိုရင္ေတာ့ စြမ္းအင္အျပည့္နဲ႔ တက္ႂကြမႈကို ေဆာင္က်ဥ္းေပးေပမဲ့ အနီေရာင္ေတာက္ေတာက္ႀကီးကေတာ့ ေဒါသထြက္ေအာင္ စိတ္အေႏွာင့္အယွက္ေပးပါတယ္။
၇။ အျဖဴေရာင္
Photo Source: how-to-inc.com
အျဖဴေရာင္ကေတာ့ သန္႔ရွင္းစင္ၾကယ္ျခင္း၊ ႐ိုးသားျဖဴစင္ျခင္း၊ ၿငိမ္ခ်မ္းျခင္းဆိုတဲ့ အေရာင္ေလးေပါ့။ အျဖဴေရာင္နဲ႔ ထိေတြမႈမ်ားလာရင္ သင့္စိတ္ကို ၿငိမ္ေအးေအာင္ ျပဳလုပ္ေပးပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သင့္ကို ပ်င္းရိၿငီးေငြ႔ေအာင္လည္း ျပဳလုပ္ႏိုင္စြမ္းရွိပါေသးတယ္။
သင္ကေရာ ဘယ္အေရာင္ေလးကို အႀကိဳက္ဆံုးလဲ။
[Unicode]
ညဘက်ကောင်းစွာ မအိပ်စက်ရတဲ့အခါ တစ်နေ့တာလုံးမှာ မရွှင်လန်းဘဲ စိတ်ဆိုးလွယ် ဒေါသထွက်လွယ်တာကို လူတိုင်းခံစားဖူးမှာပါနော်။ အဲ့လိုပဲ အရောင်တွေကလည်း သင့်စိတ်ခံစားချက်ကို ပြောင်းလဲပေးနိုင်တာကိုလည်း သင်သိပြီးသားဖြစ်မှာပါ။
အဲ့ဒါဆိုရင် ဘယ်အရောင်က ဘယ်လိုစိတ်ခံစားချက်ကို ဖြစ်စေလဲဆိုတာ ဆက်လက် ဖတ်ရှုကြည့်ရအောင်နော်။
၁။ အပြာရောင်
Photo Source: www.10wallpaper.com
အပြာရောင်က စိတ်ကို ငြိမ်အေးစေပြီး စွမ်းအင်တွေကို ထုတ်လွှတ်ပေးကာ ကောင်းစွာအလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ အပြာရောင်တွေချည်းပဲ လွှမ်းခြုံထားတဲ့ ပတ်ဝန်းကျင်က စိတ်ဓာတ်ကျစေပါတယ်။
၂။ အမဲရောင်
Photo Source: www.svardbrogard.com
အမဲရောင်က စွမ်းအင်နဲ့ အာဏာကို ကိုယ်စားပြုပါတယ်။ သင့်ကို အခြားသူတွေထက် ပိုသာတယ်ဆိုတဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေမှာပါ။ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ Introvert လေးတွေအတွက်တော့ အကာအကွယ်ပေးတဲ့ အရောင်လေးပေါ့။
၄။ အစိမ်းရောင်
Photo Source: 7-themes.com
အားလုံးသိကြတဲ့ အတိုင်းပဲ အစိမ်းရောင်ကတော့ အမြင်အာရုံကောင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရောင်လေးပါ။ မျက်စိကို ငြိမ်းအေးစေပြီး တည်ငြိမ်အေးချမ်းမှု၊ အကောင်းမြင်စိတ်ရှိဖို့အတွက် အစိမ်းရောင်က လုပ်ဆောင်ပေးနိုင်ပါတယ်။
၅။ အဝါရောင်
Photo Source: hellogiggles.com
ပျော်ပျော်နေတတ်ပြီး အကောင်းမြင်စိတ်ရှိတဲ့သူတွေအများစုက အဝါရောင်ကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အဝါရောင်တောက်တောက်ကြီးကတော့ ဒေါသကို လှုံ့ဆော်တတ်ပါတယ်။
၆။ အနီရောင်
Photo Source: www.wordsiseek.com
အနီရောင်ကတော့ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ စွမ်းအားကြီးမှုကို ကိုယ်စားပြုပါတယ်။ လုံလောက်တဲ့ အနီရောင်ကို မြင်တွေ့ရမယ်ဆိုရင်တော့ စွမ်းအင်အပြည့်နဲ့ တက်ကြွမှုကို ဆောင်ကျဉ်းပေးပေမဲ့ အနီရောင်တောက်တောက်ကြီးကတော့ ဒေါသထွက်အောင် စိတ်အနှောင့်အယှက်ပေးပါတယ်။
၇။ အဖြူရောင်
Photo Source: how-to-inc.com
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားဖြူစင်ခြင်း၊ ငြိမ်ချမ်းခြင်းဆိုတဲ့ အရောင်လေးပေါ့။ အဖြူရောင်နဲ့ ထိတွေမှုများလာရင် သင့်စိတ်ကို ငြိမ်အေးအောင် ပြုလုပ်ပေးပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ကို ပျင်းရိငြီးငွေ့အောင်လည်း ပြုလုပ်နိုင်စွမ်းရှိပါသေးတယ်။
သင်ကရော ဘယ်အရောင်လေးကို အကြိုက်ဆုံးလဲ။
Featured Image Source: www.edgeverve.com