ဒိတ်လုပ်တဲ့အခါတွေမှာ ဘယ်နေရာတွေကိုသွားလေ့ရှိကြလဲ။ ဆိုရှယ်မီဒီယာ သုံးကြတဲ့လူငယ်တွေအတွက်ကတော့ ဒိတ်လုပ်ချင်စရာ နေရာတွေကို တော်တော်များများ သိထားကြမှာပါ။ သို့ပေမယ့် ပထမဒိတ်တိုင်းဟာ အလွဲလွဲ အချော်ချော်တွေဖြစ်တတ်ပါတယ် နေရာရွေးတာခက်တာကော၊ ဘာလုပ်ရင်ကောင်းမလဲ ဆိုတာကော၊ ဘာတွေပြောသင့်သလဲဆိုတာကော ယောက်ျားလေးဘက်က စီစဉ်တာများပါတယ်။
ဒါပေမယ့် ၂၀၁၉ ရောက်ပြီလေ။ သူတို့ရွေးချယ်သမျှငြိမ်ပြီး မလိုက်သွားပါနဲ့။ ကိုယ်ဖက်ကလည်း စီစဉ်ပြီး ကိုယ်သွားချင်တဲ့နေရာတွေကို ရွေးတတ်ဖို့ ဒိတ်လုပ်စရာကောင်းတဲ့နေရာတွေကို ပြောပြပေးချင်ပါတယ်။ Zodiac Sign တွေပေါ်မူတည်ပြီး မိမိ Personality နဲ့ကိုက်ညီမယ့် ဒိတ်လုပ်သင့်တဲ့နေရာတွေ အလင်းပြပေးချင်ပါတယ်။
Libra
Libra ရာသီဖွားတွေဟာ ယောက်ျားလေးတွေနဲ့ သဟဇာတဖြစ်အောင် နေတတ်တဲ့ သဘာဝရှိပြီး သည်းထိတ်ရင်ဖိုတွေကို သဘောကျတတ်တာမို့ ဒိတ်သင့်တဲ့နေရာတွေဟာ Sky Diving တို့ ဂိမ်းကစားသင့်တဲ့နေရာ တွေမှာ ဒိတ်သင့်ဆုံးပါ။
Scorpio
Scorpio တွေဟာ ဘဝကို အလေးအနက်ထားပြီး ကိုယ့်အတွက် အကျိုးဖြစ်စေမယ့်အရာတွေအပေါ်ပဲ အာရုံထားတတ်တာမို့ ဗဟုသုတရမယ့်နေရာတွေ အတူတူတွဲသွားတာမျိုး Fan Convention တွေ ပရဟိတအနေနဲ့ သွားကူပေးတာမျိုးတွေလုပ်သင့်ပါတယ်။
Sagittarius
Sagittarius ရာသီခွင်တွေဟာ Class ဖြစ်ပြီး ဘဝင်နည်းနည်းမြင့်တဲ့ သဘာဝရှိတာမို့ Music Concert တွေသွားကြည့်တာမျိုးတို့ Fine Dining စားတာမျိုးစတဲ့ အထက်တန်းလွှာကျကျ ဒိတ်တာမျိုးပဲ နှစ်သက်တတ်ပါတယ်။
Capricorn
Capricorn တွေဟာ ပါးနပ်ပြီး Nerd တွေဖြစ်လို့ Museum တွေ အမွေအနှစ်ပြပွဲတွေ ပန်းချီပြခန်းတွေ စတဲ့နေရာတွေမှာပဲ ဒိတ်လုပ်လေ့ရှိကြပါတယ်။
Aquarius
ဒီရာသီခွင်ဖွားတွေဟာ အံ့သြသင့်ဖွယ် အသစ်အဆန်းတွေကိုသာ ကြိုက်နှစ်သက်လို့ တစ်နှစ်တစ်ခါမှလာတဲ့ပွဲမျိုးတွေ ဒါမှမဟုတ် EDM Concert တွေ Club မကိုလာတဲ့ နာမည်ကြီး DJ ပွဲတွေစတဲ့နေရာတွေမှာ ဒိတ်သင့်ပါတယ်။
Pisces
Pisces ရာသီခွင်တွေဟာ အချိန်ဖြုန်းရတာကိုနှစ်သက်တတ်လို့ Movie ဒိတ်ကို တစ်နေ့လုံးလုပ်တာမျိုးဆန်းကြည့်သင့်ပါတယ်။ တစ်ရုံပြီးတစ်ရုံ တစ်ကားပြီးတစ်ကား လိုက်ကြည့်တာမျိုးပေါ့။
Source: AllWomenStalk