ဆံပင်အလယ်ခွဲ က လူတိုင်းနဲ့လိုက်ဖက်တဲ့ စတိုင်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ လိုက်ဖက်တဲ့လူဆိုရင်လည်း အင်မတန်လှတာကို တွေ့မြင်ကြရမှာပါ။

အလယ်ခွဲကေက အနုပညာရှင်အမျိုးသမီးတွေ တော်တော်ထားလေ့ရှိကြပြီးတော့ မျက်နှာကြလှတဲ့သူတွေဆိုရင် တော်တော်လေးလှတာကို သတိထားမိကြမှာပါနော်။

အရင်ဦးဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်ယောက်ရဲ့ အလယ်ခွဲကေကို နမူနာယူပါ။ ဆံပင်ညှပ်ဆိုင်မှာ အဲ့ပုံကိုပြပြီး တစ်ပုံစံတည်းယူအောင် ညှပ်ခိုင်းလိုက်ပါ။

စညှပ်ပြီးပြီးချင်း တစ်ရက်၊ နှစ်ရက်မှာတော့ အသားကျဦးမှာ မဟုတ်ပါဘူး။ ကိုယ်နဲ့မလိုက်လို့ဆိုပြီး စိတ်မပူပါနဲ့။

အချိန်ကြာလာတဲ့အခါ လိုက်ဖက်မှုရှိပြီး အထာကျတဲ့သူတစ်ယောက်အသွင် တဖြည်းဖြည်းကူးပြောင်းသွားတာကို တွေ့ရမှာပါ။

စာဖတ်သူတို့ လေ့လာလို့ရအောင် ကမ္ဘာကျော် အနုပညာရှင်များရဲ့ အလယ်ခွဲကေအမျိုးမျိုးကိုလည်း ဝေမျှပေးလိုက်ပါတယ်။