နနွင်းက ခန္ဓာကိုယ်အတွက် အကျိုးပြုတာအားလုံးသိပြီးဖြစ်မှာပါ။ နနွင်းက နှလုံးကျန်းမာရေး၊ အဆစ်ရောင်ရောဂါ၊ ဦးနှောက်ကျန်းမာရေးစတာတွေအတွက် အကျိုးပြုပါတယ်။

Source: IBC World News

နနွင်းဖျော်ရည်ကို ၇ ရက်သောက်ပြီး သင့်ကျန်းမာရေးက အပြောင်းအလဲကြီးပြောင်းလဲနိုင်မှာပါ။ အစာမစားခင် သောက်ပေးရပါမယ်။ နနွင်းဖျော်ရည်ပြုလုပ်ပုံကတော့-

နနွင်းမှုန့်ကို ရေနွေးထဲထည့်ပါ။ နွေးနွေးလေးသောက်ပေးရပါမယ်။ နနွင်းဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကတော့-

၁။ ရောင်ရမ်းတာကျစေတယ်

နာတာရှည်ရောင်ရမ်းခြင်းက ရောဂါအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ နနွင်းဖျော်ရည်က ရောင်ရမ်းတာကျစေပါတယ်။

၂။ နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

Source: Taste For Life

နနွင်းဖျော်ရည်က နှလုံးရောဂါဝေဒနာရှင်တွေအတွက် အကျိုးပြုတဲ့ အရည်ဖြစ်ပါတယ်။ နှလုံးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

၃။ အဆစ်ရောင်သက်သာစေပါတယ်

သင်ကိုယ်တိုင် အဆစ်ရောင်ရောဂါမရှိရင်တောင် သင့်မိတ်ဆွေ ဆွေမျိုးတွေကို ညွှန်းနိုင်ပါတယ်။ နနွင်းဖျော်ရည်က အဆစ်နာကျင်မှု ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။

၎။ ဦးနှောက်ကျန်းမာရေး

နနွင်းဖျော်ရည်က အသက်အရွယ်အိုမင်းတဲ့အချိန် ခံစားရတတ်တဲ့ အယ်ဇိုင်းမားရောဂါ Dementia ရောဂါစတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

၅။ အသည်းကျန်းမာရေး

အသည်းထဲ အဆိပ်ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပြီး ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ သည်းခြေလုပ်ငန်းကိုလည်း ကောင်းမွန်စေပါတယ်။

၆။ အစာချေစနစ်ကောင်းမွန်စေပါတယ်

Source: farmaciaopticajunco.es

နနွင်းဖျော်ရည်ပုံမှန်သောက်ပေးပါက အစာချေစနစ် ကောင်းမွန်စေပါတယ်။

၇။ ကင်ဆာရောဂါကနေကာကွယ်ပေးပါတယ်

နနွင်းဖျော်ရည်က အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့်ဖြစ်တာကြောင့် ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

နနွင်းဖျော်ရည်တစ်ပတ်သောက်ပြီးနောက် သင့်ခန္ဓာကိုယ်မှာ အပေါ်က ပြောထားတဲ့ ကောင်းကျိုးတွေဖြစ်လာမှာပါ။

၈။ ခန္ဓာကိုယ်အယ်ကာလီဓာတ်

နနွင်းဖျော်ရည်မှာ အယ်ကာလီဓာတ်ပါဝင်မှုများတာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၉။ အသက်ရှည်စေပြီး နုပျိုစေပါတယ်

Source: mirror.co.uk

နနွင်းထဲမှာပါတဲ့ Curcumin က ရောင်ရမ်းတာကျစေပြီး အရွယ်တင်နုပျိုစေပါတယ်။

Featured Image Source: Fab How

By MyStyle Myanmar