[Zawgyi]

ခရီးသြားဖို့ ဘာေတြျပင္ဆင္ၾကမလဲ?

မ်ားမႀကာမွီမွာ သီတင္းကၽြတ္ေက်ာင္းပိတ္ရက္ေတြ ေရာက္ေတာ့မယ္ဆိုေတာ့ ခရီးထြက္ဖို့ ျပင္ေနၾကမယ္ထင္ပါတယ္။ ခရီးသြားတဲ့အခါ တစ္ေယာက္တည္းသြားတာကေတာ့ ပိုျပီးလြတ္လပ္တယ္၊ ပိုျပီးထိေရာက္တယ္လို့ ထင္ၾကေပမယ့္ အေဖာ္ေလးနဲ့သြားတဲ့အခါက်ရင္လည္း ေကာင္းတဲ့အခ်က္ေလးေတြ အမ်ားၾကီးပါ။ ဒီေတာ့ ခရီးသြားမယ့္အခါ ဘာေတြလုပ္သင့္လဲ၊ မလုပ္သင့္ဘူးလဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ခရီးေဖာ္ကို ကို္ယ္နဲ့သဟဇာတျဖစ္ႏိုင္မယ့္ သူကိုေရြးပါ။

ခရီးသြားေဖာ္ ေရြးတဲ့အခါ ကိုယ္နဲ့စရိုက္ခ်င္းတူတဲ့သူ၊ ကိုယ္နဲ့အဆင္ေျပႏိုင္မယ့္သူ၊ ကိုယ္နဲ့တူတူ ခရီးသြားရတာကို ႏွစ္သက္တဲ့သူျဖစ္ဖို့ အေရးၾကီးပါတယ္။ မဟုတ္ရင္ ခရီးစဥ္တစ္ေလွ်ာက္က ေပ်ာ္စရာမေကာင္းဘဲ စိတ္ညစ္ေနရမွာပါ။

၂။ ကုန္က်မယ့္စရိတ္ကို ၾကိဳတင္တြက္ခ်က္ထားပါ။

ဒီအခ်က္ကလည္း အေရးၾကီးပါတယ္။ ကိုယ္နဲ့အတူ ခရီးသြားမယ့္သူနဲ့ပါ တူတူထိုင္ျပီး တိုင္ပင္ရင္ေတာ့ အေကာင္းဆံုးပါ။ ဟိုတယ္စရိတ္၊ ကားစရိတ္၊ အစားအေသာက္စရိတ္၊ တစ္ေန့ကို ဘယ္ေလာက္သံုးမယ္ဆိုတာမ်ိဳးကိုပါ ေသခ်ာေဆြးေႏြးတိုင္ပင္ထားရင္ အပိုကုန္တာမ်ိဳး မျဖစ္ေတာ့ပါဘူး။

၃။ သြားလည္မယ့္ေနရာေတြကို ၾကိဳတင္တိုင္ပင္ပါ။ သြားမယ့္ေနရာအေၾကာင္းကို ၾကိဳတင္ေလ့လာပါ။

ဟိုေရာက္မွ စံုစမ္းျပီးသြားတာမ်ိဳး မလုပ္ပါနဲ့။ ကိုယ္သြားမယ့္ေနရာကို တိုင္ပင္ျပီးျပီဆိုရင္ေတာ့ အဲ့ႏိုင္ငံ (သို့မဟုတ္) အဲ့ေနရာရဲ့ ထူးျခားတဲ့၊ နာမည္ၾကီးတဲ့ ေနရာေတြကို ၾကိဳတင္စံုစမ္းထားပါ။ ကစားကြင္းလိုမ်ိဳး၊ Aquarium တို့၊ Museum တို့လိုမ်ိဳးသြားမယ္ဆိုရင္ ဝင္ေၾကးေတြ ၾကိဳတင္စံုစမ္းပါ။ ဘယ္ရက္မွာ ဘယ္ေနရာသြားျပီး ဘာလုပ္မယ္၊ အဲ့လို Plan ေလးၾကိဳဆြဲထား။ရင္ေတာ့ အေကာင္းဆံုးပါ။

၄။ Technology ကေန ခဏတာရုန္းထြက္လိုက္ပါ။

အားလံုးကေတာ့ ဖုန္းနဲ့ဓါတ္ပံုရိုက္ျပီး မွတ္တမ္းတင္၊ အမွတ္တရအျဖစ္ သိမ္းထားခ်င္ၾကတာပါပဲ။ ဒါေပမဲ့ သဘာဝရွုခင္းေတြ၊ အလွတရားေတြ ခံစားရမယ့္အခ်ိန္မွာေတာ့ ဓါတ္ပံုရိုက္ျပီးရင္ တဝၾကီး အားရပါးရ ၾကည့္ရွုခံစားေစခ်င္ပါတယ္။ ျပီးေတာ့ တစ္ေယာက္တည္းမဟုတ္ဘဲ အေဖာ္နဲ့သြားတဲ့အခါမွာ စကားေလးတေျပာေျပာနဲ့ အခ်င္းခ်င္း စကားစျမည္ေလးေျပာ၊ အေတြ့အၾကံဳေတြ ေဝမွ်ျပီးသြားတာက Facebook သံုးျပီး စကားမေျပာဘဲ တိတ္ဆိတ္ေနတာထက္ ပိုေကာင္းပါတယ္။ ရင္းႏွီးမႈလည္းပိုရသလို တစ္ခ်ိန္မွာျပန္ေတြးၾကည့္ရင္ အမွတ္ရစရာေလး ျဖစ္ေနမွာပါ။

MyStyle Myanmar ပရိသတ္ၾကီးလည္း လာမယ့္ပိတ္ရက္မွာ ခ်စ္ခင္ရသူေတြနဲ့ ခရီးထြက္ႏိုင္ၾကပါေစေနာ္။

[Unicode]

ခရီးသွားဖို့ ဘာတွေပြင်ဆင်ကြမလဲ?

များမကြာမှီမှာ သီတင်းကျွတ်ကျောင်းပိတ်ရက်တွေ ရောက်တော့မယ်ဆိုတော့ ခရီးထွက်ဖို့ ပြင်နေကြမယ်ထင်ပါတယ်။ ခရီးသွားတဲ့အခါ တစ်ယောက်တည်းသွားတာကတော့ ပိုပြီးလွတ်လပ်တယ်၊ ပိုပြီးထိရောက်တယ်လို့ ထင်ကြပေမယ့် အဖော်လေးနဲ့သွားတဲ့အခါကျရင်လည်း ကောင်းတဲ့အချက်လေးတွေ အများကြီးပါ။ ဒီတော့ ခရီးသွားမယ့်အခါ ဘာတွေလုပ်သင့်လဲ၊ မလုပ်သင့်ဘူးလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခရီးဖော်ကို ကိုယ်နဲ့သဟဇာတဖြစ်နိုင်မယ့် သူကိုရွေးပါ။

ခရီးသွားဖော် ရွေးတဲ့အခါ ကိုယ်နဲ့စရိုက်ချင်းတူတဲ့သူ၊ ကိုယ်နဲ့အဆင်ပြေနိုင်မယ့်သူ၊ ကိုယ်နဲ့တူတူ ခရီးသွားရတာကို နှစ်သက်တဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ခရီးစဉ်တစ်လျှောက်က ပျော်စရာမကောင်းဘဲ စိတ်ညစ်နေရမှာပါ။

၂။ ကုန်ကျမယ့်စရိတ်ကို ကြိုတင်တွက်ချက်ထားပါ။

ဒီအချက်ကလည်း အရေးကြီးပါတယ်။ ကိုယ်နဲ့အတူ ခရီးသွားမယ့်သူနဲ့ပါ တူတူထိုင်ပြီး တိုင်ပင်ရင်တော့ အကောင်းဆုံးပါ။ ဟိုတယ်စရိတ်၊ ကားစရိတ်၊ အစားအသောက်စရိတ်၊ တစ်နေ့ကို ဘယ်လောက်သုံးမယ်ဆိုတာမျိုးကိုပါ သေချာဆွေးနွေးတိုင်ပင်ထားရင် အပိုကုန်တာမျိုး မဖြစ်တော့ပါဘူး။

၃။ သွားလည်မယ့်နေရာတွေကို ကြိုတင်တိုင်ပင်ပါ။ သွားမယ့်နေရာအကြောင်းကို ကြိုတင်လေ့လာပါ။

ဟိုရောက်မှ စုံစမ်းပြီးသွားတာမျိုး မလုပ်ပါနဲ့။ ကိုယ်သွားမယ့်နေရာကို တိုင်ပင်ပြီးပြီဆိုရင်တော့ အဲ့နိုင်ငံ (သို့မဟုတ်) အဲ့နေရာရဲ့ ထူးခြားတဲ့၊ နာမည်ကြီးတဲ့ နေရာတွေကို ကြိုတင်စုံစမ်းထားပါ။ ကစားကွင်းလိုမျိုး၊ Aquarium တို့၊ Museum တို့လိုမျိုးသွားမယ်ဆိုရင် ဝင်ကြေးတွေ ကြိုတင်စုံစမ်းပါ။ ဘယ်ရက်မှာ ဘယ်နေရာသွားပြီး ဘာလုပ်မယ်၊ အဲ့လို Plan လေးကြိုဆွဲထား။ရင်တော့ အကောင်းဆုံးပါ။

၄။ Technology ကနေ ခဏတာရုန်းထွက်လိုက်ပါ။

အားလုံးကတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်၊ အမှတ်တရအဖြစ် သိမ်းထားချင်ကြတာပါပဲ။ ဒါပေမဲ့ သဘာဝရှုခင်းတွေ၊ အလှတရားတွေ ခံစားရမယ့်အချိန်မှာတော့ ဓါတ်ပုံရိုက်ပြီးရင် တဝကြီး အားရပါးရ ကြည့်ရှုခံစားစေချင်ပါတယ်။ ပြီးတော့ တစ်ယောက်တည်းမဟုတ်ဘဲ အဖော်နဲ့သွားတဲ့အခါမှာ စကားလေးတပြောပြောနဲ့ အချင်းချင်း စကားစမြည်လေးပြော၊ အတွေ့အကြုံတွေ ဝေမျှပြီးသွားတာက Facebook သုံးပြီး စကားမပြောဘဲ တိတ်ဆိတ်နေတာထက် ပိုကောင်းပါတယ်။ ရင်းနှီးမှုလည်းပိုရသလို တစ်ချိန်မှာပြန်တွေးကြည့်ရင် အမှတ်ရစရာလေး ဖြစ်နေမှာပါ။

MyStyle Myanmar ပရိသတ်ကြီးလည်း လာမယ့်ပိတ်ရက်မှာ ချစ်ခင်ရသူတွေနဲ့ ခရီးထွက်နိုင်ကြပါစေနော်။