[Zawgyi]

သူငယ္ခ်င္းဆိုတာ ကိုယ့္ဘဝရဲ႕အရင္းႏွီးဆံုးေသာ လူသားေတြထဲကတစ္ဦးျဖစ္တဲ့အတြက္ တစ္ခါတစ္ေလ သံေယာဇဥ္ပိုလာမိၾကပါတယ္။ဒါေပမဲ့ သူဘက္ကေရာ ကိုယ့္ကိုသူငယ္ခ်င္းထက္ပိုခ်င္ရဲ႕လားဆိုတာကေတာ့ တကယ့္ကိုေဝခြဲရခက္ပါတယ္ ။တကယ္ပဲ ကိုယ့္အေပၚသူငယ္ခ်င္းထက္မပိုႏိုင္တဲ့သူတစ္ေယာက္ကိုဖြင့္ေျပာမိရင္လည္း ကိုယ့္ပဲနာက်င္ရမွာျဖစ္တဲ့အတြက္ အရင္ဆံုးသူရဲ႕စိတ္ေနစိတ္ထားကိုဆန္းစစ္ၾကည့္ႏိုင္ဖို႔ ဒီနည္းလမ္းေလးေတြကို အသံုးျပဳၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၁) မ်က္လံုးကိုေလ့လာၾကည့္ပါ

Source : Pinterest

လူတစ္ေယာက္ ဘယ္ေလာက္ပဲ လိမ္ညာေနပါေစ မ်က္လံုးမွာ ေတာ့အမွန္တရားရဲ႕ အရိပ္ေတြထင္ဟပ္ေနပါတယ္။ကိုယ့္အ ေပၚသူငယ္ခ်င္းသံေယာဇဥ္ ထက္ပိုမပိုဆိုတာ တစ္ဖက္လူရဲ႕မ်က္လံုးၾကည့္ၿပီး ဆန္းစစ္ၾကည့္လို႔ရပါတယ္။ဥပမာ သူနဲ႔ မေတာ္တဆ အၾကည့္ခ်င္းဆံုသြားတဲ့အခါမ်ဳိးမွာ ရွက္ကိုးရွက္ကန္းျဖစ္သြားတာမ်ဳိး မ်က္စိသူငယ္အိမ္က်ယ္လာၿပီး ခံစားခ်က္ေတြပါတဲ့အၾကည့္မ်ဳိးနဲ႔တုန္႔ျပန္တာမ်ဳိး ဆိုရင္ေတာ့ သင့္ကိုစိတ္ဝင္စားေနတယ္ဆိုတာေသခ်ာသေလာက္ရွိပါတယ္။

(၂) ႏွစ္ေယာက္ထဲဒိတ္ၾကည့္ပါ

Source : Blessed Marriage Project

တျခားသူငယ္ခ်င္းေတြမပါပဲ ႏွစ္ေယာက္ထဲအျပင္သြားတာမ်ဳိး မုန္႔သြားစားတာ ရုပ္ရွင္ၾကည့္တာမ်ဳိးေတြျပဳလုပ္ၾကည့္ပါ။ႏွစ္ေယာက္ထဲ အျပင္သြားဖို႔မျငင္းဘူးဆိုရင္ပဲ အေျခအေနေကာင္းေနပါၿပီ။ကိုယ္ခ်ိန္းတိုင္း သူဘက္ကမျငီးမျငဴ မပ်က္မကြက္ေရာက္လာတာ ျငင္းဆန္တာမ်ဳိးမရွိဘူးဆိုရင္ေတာ့ သင့္ကိုလည္းအေတာ္အသင့္ စိတ္ဝင္စားေနၿပီး ဖြင့္မေျပာရဲတဲ့အေျခအေနမွာရွိေနတယ္လို႔ ယူဆလို႔ရႏိုင္ပါတယ္။

(၃) ဆိုရွယ္မီဒီယာေပၚကစမ္းသပ္ပါ

Source : Body Language Central

ဆိုရွယ္မီဒီယာေတြကေန စကားေျပာၾကည့္ပါ။စကားေျပာတဲ့ အခါမွာေရာ စိတ္ပါဝင္စားမႈရွိရဲ႕လား။သာမာန္ပဲလားဆိုတာေလ့လာပါ။ကိုယ္နဲ႔စကားေျပာတိုင္း Reply မၾကာပဲ စကားေတြအမ်ားႀကီးေဖာင္ဖြဲ႕ၿပီးေန႔တိုင္းနီးပါး ေျပာျဖစ္ေနရင္ေတာ့ ကိုယ့္အေပၚမွာခံစားခ်က္ရွိတာေသခ်ာပါတယ္။တစ္ခါတစ္ေလ အဆင္မေျပဘူးဆိုတဲ့ စာေလးေတြတင္ၾကည့္ပါ။ကိုယ့္ရဲ႕ စာေလးေတြ ေတြ႔ၿပီး စိတ္ပူၿပီးလာေမးမယ္ ႏွစ္သိမ့္မယ္ ဆိုရင္ေတာ့ သင့္အေပၚသူငယ္ခ်င္းထက္ပိုေနပါၿပီ။

(၄) စိတ္ေကာက္ၾကည့္ပါ

Source : Shutterstock

တစ္ခါတစ္ေလ အေၾကာင္းျပခ်က္ေကာင္းေကာင္းမရွိေပမယ့္ လည္းစိတ္ဆိုးစိတ္ေကာက္တာမ်ဳိးလုပ္ၾကည့္ပါ။ကိုယ့္ကိုစိတ္ ဝင္စားေနသူတစ္ေယာက္ဆိုရင္ေတာ့ ေသခ်ာပါတယ္ စိတ္ဆိုး စိတ္ေကာက္ေနရင္မေနတက္ပါဘူး။အတင္းလိုက္ေခ်ာ့မွာပါ။ ရည္းစားေတြမဟုတ္ေပမယ့္စိတ္ေကာက္တာကိုေခ်ာ့တယ္ဆိုရင္ေတာ့ သူငယ္ခ်င္းထက္ပိုခ်င္ေနတယ္ဆိုတာ ေတြးၾကည့္လို႔ရပါတယ္။ဒါေပမယ့္ခဏခဏစိတ္ေကာက္တာမ်ဳိးေတာ့မလုပ္မိဖို႔ေတာ့ သတိျပဳသင့္ပါတယ္။

[Unicode]

သူငယ်ချင်းဆိုတာ ကိုယ့်ဘဝရဲ့အရင်းနှီးဆုံးသော လူသားတွေထဲကတစ်ဦးဖြစ်တဲ့အတွက် တစ်ခါတစ်လေ သံယောဇဉ်ပိုလာမိကြပါတယ်။ဒါပေမဲ့ သူဘက်ကရော ကိုယ့်ကိုသူငယ်ချင်းထက်ပိုချင်ရဲ့လားဆိုတာကတော့ တကယ့်ကိုဝေခွဲရခက်ပါတယ် ။တကယ်ပဲ ကိုယ့်အပေါ်သူငယ်ချင်းထက်မပိုနိုင်တဲ့သူတစ်ယောက်ကိုဖွင့်ပြောမိရင်လည်း ကိုယ့်ပဲနာကျင်ရမှာဖြစ်တဲ့အတွက် အရင်ဆုံးသူရဲ့စိတ်နေစိတ်ထားကိုဆန်းစစ်ကြည့်နိုင်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) မျက်လုံးကိုလေ့လာကြည့်ပါ

Source : Pinterest

လူတစ်ယောက် ဘယ်လောက်ပဲ လိမ်ညာနေပါစေ မျက်လုံးမှာ တော့အမှန်တရားရဲ့ အရိပ်တွေထင်ဟပ်နေပါတယ်။ကိုယ့်အ ပေါ်သူငယ်ချင်းသံယောဇဉ် ထက်ပိုမပိုဆိုတာ တစ်ဖက်လူရဲ့မျက်လုံးကြည့်ပြီး ဆန်းစစ်ကြည့်လို့ရပါတယ်။ဥပမာ သူနဲ့ မတော်တဆ အကြည့်ချင်းဆုံသွားတဲ့အခါမျိုးမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားတာမျိုး မျက်စိသူငယ်အိမ်ကျယ်လာပြီး ခံစားချက်တွေပါတဲ့အကြည့်မျိုးနဲ့တုန့်ပြန်တာမျိုး ဆိုရင်တော့ သင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာသေချာသလောက်ရှိပါတယ်။

(၂) နှစ်ယောက်ထဲဒိတ်ကြည့်ပါ

Source : Blessed Marriage Project

တခြားသူငယ်ချင်းတွေမပါပဲ နှစ်ယောက်ထဲအပြင်သွားတာမျိုး မုန့်သွားစားတာ ရုပ်ရှင်ကြည့်တာမျိုးတွေပြုလုပ်ကြည့်ပါ။နှစ်ယောက်ထဲ အပြင်သွားဖို့မငြင်းဘူးဆိုရင်ပဲ အခြေအနေကောင်းနေပါပြီ။ကိုယ်ချိန်းတိုင်း သူဘက်ကမငြီးမငြူ မပျက်မကွက်ရောက်လာတာ ငြင်းဆန်တာမျိုးမရှိဘူးဆိုရင်တော့ သင့်ကိုလည်းအတော်အသင့် စိတ်ဝင်စားနေပြီး ဖွင့်မပြောရဲတဲ့အခြေအနေမှာရှိနေတယ်လို့ ယူဆလို့ရနိုင်ပါတယ်။

(၃) ဆိုရှယ်မီဒီယာပေါ်ကစမ်းသပ်ပါ

Source : Body Language Central

ဆိုရှယ်မီဒီယာတွေကနေ စကားပြောကြည့်ပါ။စကားပြောတဲ့ အခါမှာရော စိတ်ပါဝင်စားမှုရှိရဲ့လား။သာမာန်ပဲလားဆိုတာလေ့လာပါ။ကိုယ်နဲ့စကားပြောတိုင်း Reply မကြာပဲ စကားတွေအများကြီးဖောင်ဖွဲ့ပြီးနေ့တိုင်းနီးပါး ပြောဖြစ်နေရင်တော့ ကိုယ့်အပေါ်မှာခံစားချက်ရှိတာသေချာပါတယ်။တစ်ခါတစ်လေ အဆင်မပြေဘူးဆိုတဲ့ စာလေးတွေတင်ကြည့်ပါ။ကိုယ့်ရဲ့ စာလေးတွေ တွေ့ပြီး စိတ်ပူပြီးလာမေးမယ် နှစ်သိမ့်မယ် ဆိုရင်တော့ သင့်အပေါ်သူငယ်ချင်းထက်ပိုနေပါပြီ။

(၄) စိတ်ကောက်ကြည့်ပါ

Source : Shutterstock

တစ်ခါတစ်လေ အကြောင်းပြချက်ကောင်းကောင်းမရှိပေမယ့် လည်းစိတ်ဆိုးစိတ်ကောက်တာမျိုးလုပ်ကြည့်ပါ။ကိုယ့်ကိုစိတ် ဝင်စားနေသူတစ်ယောက်ဆိုရင်တော့ သေချာပါတယ် စိတ်ဆိုး စိတ်ကောက်နေရင်မနေတက်ပါဘူး။အတင်းလိုက်ချော့မှာပါ။ ရည်းစားတွေမဟုတ်ပေမယ့်စိတ်ကောက်တာကိုချော့တယ်ဆိုရင်တော့ သူငယ်ချင်းထက်ပိုချင်နေတယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။ဒါပေမယ့်ခဏခဏစိတ်ကောက်တာမျိုးတော့မလုပ်မိဖို့တော့ သတိပြုသင့်ပါတယ်။