လက်ရှိ Relationship က အဆင်မပြေဖြစ်နေပေမယ့်လည်း လက်မလွှတ်ချင်တာကြောင့် ဘယ်လိုပြင်ရမလဲဆိုတာ တွေးနေတဲ့သူတွေအတွက် ပျက်စီးနေတဲ့ Relationship ကို ပြန်အသက်သွင်းနိုင်ပြီး အရင်ကထက် တိုးတက်အောင် လုပ်နိုင်ဖို့ အကြံဥာဏ်တချို့ ဝေမျှပေးချင်ပါတယ်။

အစကိုပြန်သွားပါ

အချစ်ခရီးရဲ့အစက တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့တာတွေနဲ့ စခဲ့တာဘဲမဟုတ်လား ? အစမှာ သင့်ရဲ့လက်တွဲဖော်ကို ချစ်ရတဲ့ အကြောင်းရင်းတွေရှိခဲ့ဘူးရင် ဒါတွေကို ပြန်တွေးကြည့်ပါ။ ရှိခဲ့ဘူးကြောင်း ကိုယ့်ကိုကိုယ် သတိပေးပါ။

ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ

သင့်ချစ်သူက သင်ခံစားနေရသမျှကို နားလည်တယ်လို့ မယူဆပါနဲ့။ တချို့သောအရာတွေမှာ တိတ်တိတ်ဆိတ်ဆိတ်နေတာက ကြာလာရင် အဆုံးမရှိတဲ့ အပြစ်တင်ဂိမ်းတစ်ခုဆီ ဦးတည်စေတာကြောင့် နှစ်ယောက်ကြား ပွင့်ပွင့်လင်းလင်း ပြောပြပြီး အတူတူအဖြေရှာဖို့ကြိုးစားပါ။

ကြားစကားတွေ နားမယောင်ပါနဲ့

တစ်ခါတလေ တတိယလူ ဒါမှမဟုတ် တခြားအကြောင်းအရာကြောင့် နှစ်ယောက်ကြား ပြဿနာရှိဖူးမှာပါ။ မယုံကြည်ရတဲ့ ပြင်ပအကြောင်းတရားကြောင့် ပြဿနာဖြစ်မယ့်အစား တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောပါ။ နှစ်ယောက်ကြား အပျက်သဘောဆောင်တဲ့သူတွေကို ရှောင်ပါ။

ခွင့်လွှတ်ဖို့ လေ့လာပါ

လူတိုင်းအမှားလုပ်မိတတ်တာမလို့ သင့်လက်တွဲဖော်က သူ့လုပ်ရပ်အတွက် နောင်တရနေတယ်ဆိုရင် ခွင့်လွှတ်ဖို့ ထိုက်တန်ပါတယ်။ တကယ်တောင်းပန်ပြီး အမှားကို ထပ်မလုပ်မိဖို့တော့ သေချာပါစေ။ အတိတ်က ဒဏ်ရာတွေကို ကုစားဖို့ ခက်ခဲနေရင်တောင် အတိတ်ကို ဆုပ်ကိုင်မထားပါနဲ့။

စည်းကမ်းသက်မှတ်ပါ

Relationship ဆိုတာက အပြန်အလှန်နားလည်မှုနဲ့ အပေးအယူအပေါ်အခြေခံတာကြောင့် နှစ်ယောက်ကြား စည်းမျဥ်းစည်းကမ်းများ သတ်မှတ်သင့်ပြီး လိုအပ်ပါက နှစ်ယောက်လုံးက လိုက်နာသင့်ပါတယ်။ သင့်ချစ်သူကို တနင်္ဂနွေ နေ့လယ်ခင်း သင်နဲ့အတူ ရှိစေချင်ရင် သင့်မှာလည်း တခြားအစီအစဉ် မရှိပါစေနဲ့။

ဝေမျှပါ

သင့်ရဲ့ပြဿနာတွေကို ထားခဲ့ပြီး အရင်က လုပ်ဖူးသလိုမျိုး ပျော်ရွှင်စရာ တစ်ခုခုကို လုပ်ရင်း ကောင်းတဲ့အချိန်ကို အတူဖြုန်းပါ။ တစ်ယောက်နဲ့တစ်ယောက် ပျော်စရာတွေကို အပြန်အလှန်ဝေမျှပါ။

အပြည့်အဝလက်ခံပါ

အချိန်ကြာလာတာနဲ့အမျှ ခင်မင်ရင်းနှီးလာတဲ့အခါ သူနဲ့ပက်သတ်တဲ့ အသေးအမွှားလေးတွေ အဆိုးအကောင်းတွေကို လက်ခံဖို့ သင်ယူပါ။ အသေးအမွှားတွေကို မေ့ထားပြီး ကြီးတဲ့အရာတွေကိုဘဲ တွေးပါ။