နေရာ ဒေသ အချိန်တွေမတူညီတဲ့နေရာတွေမှာ တစ်ယောက်တစ်နေရာစီခွဲနေရတဲ့ Long-Distance Relationship တွေက အခုဆို Internet Chat တွေ Video Call တွေကြောင့် အရင်ကလောက် ဝေးကွာမှုကို မခံစားရတော့ပါဘူး ။ ဒါပေမယ့် ဒါတွေတင်မလုံလောက်သေးပါဘူး ။

နှစ်ယောက်ကြားက ခြားနေတဲ့အကွာအဝေးကို မခံစားမိစေဖို့ ဒီအချက်တွေကို်လည်း မမေ့သင့်ပါဘူး။

အချိန်ပေးပါ

တစ်ယောက်နဲ့တစ်ယောက် နေရာအချိန်မတူပေမယ့် နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် အချိန်ကို ရှာပါ။ နေ့တိုင်း စကားပြောဖို့ အချိန်မရှိရင်တောင် တစ်ဖက်လူအတွက် အချိန်ရအောင် ဖယ်ပေးပါ။

ဂရုစိုက်ပါ

ဝေးကွာနေချိန်မှာတောင် သူတို့ကို ကတိပေးထားတဲ့အတိုင်း သင်တကယ် ဂရုစိုက်ကြောင်း တစ်ဖက်လူခံစားမိအောင် ကြိုးစားပါ။ ဒါမှ နှစ်ယောက်ကြားက ခံစားမှုကပိုတိုးလာမှာပါ။

ပွင့်လင်းပါ

ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ အောင်မြင်မှု ခက်ခဲမှု စတဲ့ အရာအကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်အောင် ကြိုးစားပါ။ ဒါမှ လူချင်းဝေးနေပေမယ့် စိတ်ချင်းဝေးနေတယ်လို့ မခံစားမိမှာပါ။

Romantic ဆန်ပါ

လူချင်းဝေးကွာနေတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ချစ်ချစ်ခင်ခင်နေဖို့ ခက်ခဲတာမလို့ တစ်နေ့လုံး မကြာမကြာ စာတိုပို့တာ ၊ သူကြိုက်တဲ့ မုန့်လေးပို့ပေးတာ ၊ ထူးခြားတဲ့ရက်တွေမှာ ပန်းစည်းပို့ပေးတာ စတဲ့ တခြားနည်းလမ်းတွေနဲ့ ချစ်ပြပါ။

လူချင်းဆုံဖို့ အချိန်ပေးပါ

အချိန်ကာလတစ်ခုအထိ Screen ပေါ်ကနေ တစ်ယောက်နဲ့တစ်ယောက် တွေ့နေရပေမယ့် တကယ်တော့ မလုံလောက်ပါဘူး ။ ဒါကြောင့် တတ်နိုင်သမျှ လူချင်းတွေ့ဖို့ အစီအစဉ်ဆွဲပါ။ ကြိုးစားပါ။

ရိုးသားပါ

Relationship တိုင်းမှာ အရေးကြီးဆုံးက ရိုးသားမှုပါ။ နှစ်ယောက်လုံးက တစ်မျက်နှာတည်းရှိဖို့ပဲလိုပြီး နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ရိုးသားဖို့ရွေးချယ်ရင် ရလာမယ့်ရလဒ်ကတော့ ထာဝရကောင်းချီးပေးခံရမယ့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားမှာပါ။