ကောင်မလေးတွေ ကြိုက်နှစ်သက်တဲ့ ကောင်လေးတွေ ပုံစံဆိုတာ တကယ်ကို သီးသန့်ရှိနေပါတယ်။ ဒီတော့ ကောင်မလေးတွေကြိုက်တဲ့ အမျိုးသားတို့ ပုံစံတွေက ဘယ်လို ပုံစံတွေများပါလိမ့်။

ဘယ်သူနဲ့မှ ရောထွေးမနေတတ်ဘဲ သီးသန့်ပုံစံနဲ့ လူတွေကြား ကွဲထွက်နေတဲ့ ခပ်တည်တည်ကိုကိုတွေကို သဘောကျတတ်တဲ့ ကောင်မလေးတွေရှိပါတယ်။ တည်ငြိမ်ပြီး ယောကျာ်းပီသတဲ့ဟန်က သူတို့ရဲ့ ဆွဲဆောင်နိုင်မှုပါပဲ။ စကားပြောဟန် လမ်းလျှောက်ဟန်တွေက ငြိမ်နေတဲ့ ရေပြင်ကြီးကို လှုပ်ခါသွားအောင် လုပ်လိုက်သလိုပါပဲ။

စကားပြောရင် ဟာသလေးတွေနှောပြီး ပြောတတ်တဲ့အမျိုးသားတို့ကလည်း ခရက်ရှ်ခံ လူတန်းစားတွေပါပဲ။ ဟာသပြောတယ်ဆိုလို့ ပေါတောတော တောရောက်တောင်ရောက် ပြောတာမျိုးကျပြန်တော့လည်း မဟုတ်ပြန်ပါဘူး။ တကယ်တော့ ကောင်မလေးတွေက ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ကြုံလာကြုံလာ ရယ်ရယ်မောမော ကျော်ဖြတ်နိုင်တဲ့သူတွေကို အားကိုးချင်တာပါ။

ဘာကိုမှ ဂရုမစိုက်တဲ့အထာနဲ့ ကောင်လေးတွေကိုလည်း တချို့ကောင်မလေးတွေက ကြိုက်နှစ်သက်ကြပါသေးတယ်။ ဒီလို ပုံစံကမှ မိုက်တာ အထာကျတာလို့ တွေးထင်ကြတဲ့ ကောင်မလေးတွေက သပ်သပ်ရှိနေသေးပြန်ပါတယ်။ အဲဒီကောင်လေးတွေရဲ့ အကြည့်ထဲမှာမှ တဖြုတ်ဖြုတ်ကြွေကျကြတာပါ။

စာအရမ်းဖတ်ပြီး လောကကြီးအကြောင်း အကုန်နီးပါးအလွတ်ကျက်ထားတတ်ကြတဲ့ ယောကျ်ားလေးတွေကိုလည်း ပျိုမေတွေက ခိုက်ပါတယ်။ အရာအားလုံး သိနေတတ်နေသူမို့ အားကိုးကြိုက်နဲ့ ကြိုက်ကြတာဖြစ်ပါတယ်။ စာဖတ်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဟန်ပန်ဟာ သူတို့ မျက်လုံးထဲမှာတော့ အရမ်းကို ကြည့်ကောင်းနေပါတယ်။