ချစ်သူသက်တမ်း ဒါမှမဟုတ် အိမ်ထောင်သက်တမ်းကြာတဲ့စုံတွဲတွေဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုပိုလာတဲ့အခါ အရင်ကလိုရှိန်နေတာ ရှက်နေတာမျိုးတွေမရှိတော့ဘဲ စတွေ့တုန်းကထက် ပိုပြီး သက်တောင့်သက်သာနဲ့ ပြောဆို ဆက်ဆံလာကြပါတယ်။ နှစ်ယောက်ကြား သက်တောင့်သက်သာရှိလွန်းတဲ့အခါ ထူးဆန်းတဲ့အရာလေးတွေ စုံတွဲတွေကြားမှာ လုပ်တတ်ကြပါတယ်။

နှစ်ယောက်ကြား တော်တန်ရုံရှက်စရာအပြုအမူတွေကို ဖုံးကွယ်နေတာ ရပ်သွားပြီး ဟာသတခုအဖြစ်‌ ပြောင်းလဲမြင်တတ်လာပါတယ် ။

တစ်ခုခုစားတဲ့အခါ တစ်ယောက်ယောက်က မစားချင်ပေမယ့်လည်း အတူဝေမျှစားတတ်လာပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဖက်ရှင်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့အကြံဉာဏ်တွေ ပေးတတ်ကြပါတယ်။

ရီစရာကောင်းတဲ့ ဒါမှမဟုတ် ရှက်စရာကောင်းတဲ့အရာတွေ လုပ်နေတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံတွေ ရိုက်တတ်ကြပါတယ်။

စားဖို့နေရာရွေးဖို့ နာရီပေါင်းများစွာ အချိန်ကုန်ခံပြီးရွေးတတ်ကြပေမယ့် နောက်ဆုံးမှာ အမြဲတမ်းစားနေကြ နေရာဟောင်းကို သွားတတ်ကြပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေကို သားသမီးတစ်ယောက်လို အတူတူဂရုစိုက်လာကြပါတယ်။

တစ်ယောက်ပေါ်တစ်ယောက် ငြိုငြင်မှု နည်းပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံလာကြပါတယ်။