ပူပူနွေးနွေးလေး လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံများအတွက် ဟန်းနီးမွန်းခရီးဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ဟန်းနီးမွန်းခရီးမှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ အတူတူ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် စုံတွဲဖက်ရှင်များနဲ့ ရှိုးထုတ်နိုင်ပါတယ်။

ဟန်းနီးမွန်းခရီးအတွက် စုံတွဲဖက်ရှင်လေးတွေအကြောင်း မဖော်ပြခင်မှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချို့ကို ဝေမျှပေးချင်ပါတယ်။

ကြိုတင်ပြင်ဆင်ထားပါ

ပျားရည်ဆမ်းခရီးသွားမယ့်နေရာသည် ဘယ်လိုနေရာမျိုးဖြစ်မလဲ။ ကိုယ်သွားတဲ့အချိန်မှာ ရာသီဥတုက ဘယ်လိုအခြေအနေရှိမလဲ။ ထိုရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို သေသေချာချာ ထုပ်ပိုးကာ ပြင်ဆင်သွားလိုက်ပါ။

ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ သေချာတိုင်ပင်ပါ

ဟန်းနီးမွန်းခရီးအတွက် စုံတွဲဖက်ရှင် ဝတ်မယ်ဆိုကတည်းက သူ့အကြိုက် ကိုယ့်အကြိုက်ကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ စုံတွဲဖက်ရှင်ဆိုကတည်းကိုက ကိုယ့်အကြိုက်ချည်းပဲ ထည့်စဉ်းစားလို့မရပါဘူး။

Formal ဆန်လွန်းတဲ့ ဖက်ရှင်မျိုးကို ရှောင်ကြဉ်ပါ

ကြည်နူးဖွယ်ကောင်းတဲ့ခရီးအတွက် ခရီးထွက်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် Formal ဆန်လွန်းတဲ့ အဝတ်အစားဖက်ရှင်ဒီဇိုင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အထုပ်အပိုးများကို လိုအပ်သည်ထက်ပို၍ ထုပ်ပိုးခြင်း

သင်တို့နှစ်ယောက်သွားမယ့် ပျားရည်ဆမ်းခရီးသည် ဘယ်နှစ်ရက်ကြာမလဲဆိုတာကို ထည့်တွက်ပါ။ ထိုရက်အတိုင်း အဝတ်အစားနှင့် အခြားပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးသွားသင့်ပါတယ်။

ဒီလိုဆောင်ရန် ရှောင်ရန်လေးတွေ သိသွားပြီဆိုရင်တော့ ဟန်းနီးမွန်းခရီး အတွက် စုံတွဲဖက်ရှင် များကို အခုလိုပဲ ဝတ်ဆင်ကာ ရှိုးထုတ်နိုင်ပါတယ်။

အရောင်တွေကို သေချာလိုက်ဖက်အောင် ဝတ်စားထားပါ

သင့် အင်္ကျီအရောင်နဲ့ သူ့ရဲ့ အင်္ကျီအရောင်သည် ချွတ်စွတ်တူနေရမယ်လို့ မဆိုလိုပါဘူး။ ပုံထဲကအတိုင်း အနည်းငယ်လေး လိုက်ဖက်မှုရှိနေရင်တောင် လုံလောက်ပါပြီ။

ချစ်စရာဖက်ရှင်

အဖြူရောင်ဖက်ရှင်ကတော့ သန့်သန့်ပြန့်ပြန့်လေးနဲ့ လှပနေစေမှာဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးဖက်ရှင်

ကမ်းခြေဆီသို့ ဟန်းနီးမွန်းထွက်ဖြစ်တဲ့အခါ ဒီစုံတွဲဖက်ရှင်လေးက အပေါ်လွင်ဆုံးဖြစ်နေမှာပါ။

ဟာဝိုင်အီတီရှပ်ဖက်ရှင်

ဒီဖက်ရှင်လေးသည်လည်း ကမ်းခြေသို့ ဟန်းနီးမွန်းထွက်ဖြစ်တဲ့အခါ စတိုင်လ်ကျနေစေမှာပါ။

အခုဖော်ပြသွားတဲ့ ဆောင်ရန်ရှောင်ရန် ဖက်ရှင် Tips များနဲ့ ဖက်ရှင်စတိုင်လ်တချို့က ပျားရည်ဆမ်းခရီးအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။