Christmas ရောက်တော့မှာဆိုတော့ ကိုယ့်ကောင်မလေးကို Christmas လက်ဆောင်ပေးချင်ပေမယ့် ဘာပေးရမှန်းမသိဘူး ဖြစ်နေတဲ့သူတွေအတွက် Christmas မှာ ကိုယ့်ကောင်မလေးကို ပေးလို့ကောင်းတဲ့ လက်ဆောင်တွေကို ပြောပြပေးလိုက်ပါတယ်။

ပန်းစည်း

နှင်းဆီပန်းအနီရောင် ပန်းစည်းလေးတွေ ပေးတာမျိုးက Christmas နဲ့လိုက်ဖက်ပြီး Romantic ဆန်းပါတယ်။ Christmas Date ပြီး နှင်းဆီပန်းအနီရောင် ပန်းစည်းလေးနဲ့ အမှတ်တရလည်း ဖြစ်စေမှာ သေချာပါတယ်။

Jewellery

ကြီးကြီးမားမားမဟုတ်တဲ့ လက်စွပ်၊ ဆွဲကြိုး၊ Handchain သေးသေးလေးတွေကို အနီရောင်ဘူးလေးနဲ့ ထုပ်ပိုးပြီး Christmas လက်ဆောင်အနေနဲ့ပေးတာလည်း အရမ်းမိုက်တယ်နော်။

Sweater

Christmas ပြီးရင် ပိုအေးလာတော့မှာဆိုတော့ ကိုယ်ကောင်မလေးကို အနီရောင် Sweater လေးပေးတာမျိူးလည်း ရတယ်နော်။ သေချာဘူးလေးနဲ့ထုပ်ပိုးပြီးပေးကြည့်ပါ။

နှုတ်ခမ်းနီ

မိန်းကလေးတိုင်းအတွက် နှုတ်ခမ်းနီကတော့ မရှိမဖြစ်ပဲမို့ Christmas မှာ အနီရောင်နှုတ်ခမ်းနီလေးကို လက်ဆောင်ပေးလို့ရပါတယ်။ ပိုပြီးချစ်ဖို့ကောင်းချင်ရင် နှုတ်ခမ်းနီမှာ ဖဲကြိုးအသေးလေး ချည်ပြီးပေးနော်။

Wallet

Christmas လက်ဆောင်အနေနဲ့ပေးရင် ချစ်ဖို့ကောင်းတာ နောက်တစ်ခုကတော့ Wallet အနီရောင်လေးပါပဲ။

ဖိနပ်

Christmas လက်ဆောင်အနေနဲ့ ဖိနပ်ပေးချင်ရင်တော့ အနီရောင်ဒေါက်ဖိနပ်လေးပေးတာက ပိုပြီး Romantic ဖြစ်ပါတယ်။

ရေမွှေး

Christmas လက်ဆောင်အဖြစ်နဲ့ ရေမွှေးလည်းပေးလို့ရပါသေးတယ်။ Christmas Limited Edition အဖြစ်ထုတ်ထားတာလေးတွေဆိုရင် Box လေးတွေကအစ Christmas Theme လေးမို့ မိုက်တယ်နော်။

အရုပ်

အရုပ်ကြိုက်တဲ့ကောင်မလေးကို ပိုင်ဆိုင်ထားတာဆိုရင်တော့ Christmas လက်ဆောင်ကို အရုပ်လေးသာ ပေးလိုက်ပါ။