ဘဝကို ကိုယ့်ချစ်သူနဲ့ အတူတကွ ပျော်ရွှင်စွာဖြတ်သန်းကြတဲ့နေရာမှာ တချို့ချစ်သူစုံတွဲတွေက ရိုးမြေကျ ချစ်ခင်ပေါင်းသင်းကြရပေမယ့် တချို့စုံတွဲတွေကတော့ အချိန်တစ်ခုမှာ လမ်းခွဲနှုတ်ဆက်ကြရပါတယ်။ ဘာကြောင့်ပါလဲ။ ကိုယ့်ရဲ့ (Relationship) ချစ်ခြင်းမေတ္တာကိုရော ရာသက်ပန်ခိုင်မာချင်ပါသလား။ အောက်ပါအချက်လေးတွေကို လေ့လာသုံးသပ်ကြည့်လိုက်ပါ။

ဘယ်တော့မှမမေ့ပါနဲ့

နှစ်တွေကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးကြားမှာ ချစ်ခြင်းမေတ္တာတွေဟာ အေးစက်လာတတ်ကြပါတယ်။ နှစ်ဦးသားရဲ့ အမှတ်တရနေ့တွေ၊ အမှတ်တရကိစ္စလေးတွေကိုလည်း ခပ်ပေ့ါပေ့ါ သဘောထားလာတတ်ကြပါတယ်။ ဒါအရမ်းအန္တရာယ်များတဲ့အချိန်ကို ရောက်နေပြီပေါ့။ ဒါကြောင့် မမေ့သင့်တဲ့ကိစ္စတွေကို လုံးဝမမေ့ပါစေနဲ့။

ဂရုစိုက်မှုတွေရှိပါစေ

ကိုယ်ကပဲ ဂရုစိုက်နေရတာမျိုး၊ ကိုယ်ကပဲ ဂရုစိုက်ခံချင်နေတာမျိုးကို ရှောင်သင့်ပါတယ်။ အသေးအမွှားကိစ္စလေးတွေက အစအရာရာမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဂရုစိုက်မှုလေးတွေ ထားပေးပါ။ ဒါ အကောင်းဆုံးချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်တဲ့ အပြုအမူတစ်ခုပါပဲ။

ဒေါသတွေ ဖယ်ထုတ်လိုက်ပါ

ချစ်သူရည်းစားတွေဟာ မကြာခဏရန်ဖြစ်တတ်ကြပါတယ်။ ရန်ဖြစ်တာက အကြောင်းမဟုတ်ပေမယ့် ဒေါသတွေ အရမ်းမကြီးသင့်ပါဘူး။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။ မာန်မာနတွေ၊ အညှိုးတွေဆိုတာ ချစ်သူတွေကြား လုံးဝမရှိသင့်တဲ့ အရာတွေပါပဲ။

သာတူညီမျှမှုရှိပါစေ

ယောကျ်ားနဲ့မိန်းမကြားက Relationship တစ်ခုမှာ အရာရာဟာ ညီမျှဖို့အရေးကြီးပါတယ်။ အပေးသမားသက်သက်၊ အယူသမားသက်သက်ဖြစ်နေပြီဆိုရင်တော့ မကောင်းတဲ့လက္ခဏာပါပဲ။ ချစ်ခြင်းမေတ္တာတွေ၊ နားလည်ခွင့်လွှတ်မှုတွေဟာ နှစ်ဦးနှစ်ဖက်ညီမျှနေဖို့ လိုပါတယ်။