လူတိုင်းက ပျော်ရွှင်ရတဲ့ လူတိုင်းအားကျရတဲ့ Relationship ကိုပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ဒီအချက်တွေကိုတော့ ဂရုစိုက်ဖို့ မေ့တတ်ကြပါတယ်။ ဒီရိုးရှင်းတဲ့အချက်တွေကို အမြဲလိုက်နာကျင့်သုံးနိုင်မှသာ ပျော်ရွှင်ရတဲ့ Relationship ကိုပိုင်ဆိုင်နိုင်မှာပါ။

နှစ်ယောက်စလုံး ကြိုက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို အတူလုပ်ပါ။ ယောဂလုပ်တာ ၊ တောင်တက်တာ ဒါမှမဟုတ် ကတာပဲဖြစ်ဖြစ်၊ အတူတာက Endorphins ကို မြှင့်တင်ပေးပြီး ပျော်စရာအချိန်ကို ဖန်တီးပေးပါတယ်။

အရသာရှိတဲ့ဟင်းတွေ သူကြိုက်တဲ့ဟင်းတွေ အတူတူချက်ရင်း အချိန်ကုန်တာကလည်း နှစ်ယောက်လုံးကို ရင်းနှီးမှုပိုစေပါတယ်။

အတူတူတရားထိုင်တာ သတိပဋ္ဌာန်ကျင့်တာကလည်း စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး ပိုမိုနက်ရှိုင်းတဲ့ စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုပြဖို့ အားလပ်ရက်မှာ အိမ်မှာတင် Spa နေ့ကို စီစဉ်ပြီး Massage လုပ်တာ ၊ မျက်နှာပေါင်းတင်ပေးတာ ၊ အကြောလျှော့ပေးတာမျိုး အတူလုပ်ကြည့်ပါ။

အာရုံထွေပြားတာတွေမရှိဘဲ အချင်းချင်းအာရုံစိုက်နိုင်ဖို့ Electric Device တွေကို ခနဖယ်ထုတ်ပြီး နှစ်ယောက်တည်းနေဖို့အချိန်ယူပါ ။

သဘာဝမှာ အချိန်ဖြုန်းပါ။ ပန်းခြံထဲမှာ ရိုးရိုးရှင်းရှင်း လမ်းလျှောက်တာ ဒါမှမဟုတ် ပိတ်ရက်မှာ ခရီးသွားတာတွေကလည်း နှစ်ယောက်ကြားဆက်ဆံရေးကို လန်းဆန်းစေပြီး နားလည်မှုပိုစေပါတယ်။