တကယ်တော့ ချစ်သူတွေအတွက် ချစ်စရာနေ့စွဲတွေဖြစ်ဖို့ဆိုတာ အကောင်းစားတွေစားမှ ၊ ပိုက်ဆံတွေအများကြီးသုံးမှ Romantic ဖြစ်တာမဟုတ်ပါဘူး။ ပျော်စရာကောင်းတဲ့အချိန်တွေကို အတူတူကုန်ဆုံးမှသာ ချစ်ဖို့ကောင်းတဲ့ အမှတ်တရနေ့တွေ ပိုင်ဆိုင်နိုင်မှာပါ။

တစ်ပြားတစ်ချပ်မှ မကုန်ဘဲ အိမ်အပြန် အတူတူလမ်းလျှောက်ရင်းလည်း အချိန်ဖြုန်းလို့ရပါတယ်။

ဒါမှမဟုတ် ခရီးထွက်ပါ။ ပိုက်ဆံအများကြီးမကုန်တဲ့ Camp သွားလို့ရပါတယ်။

စက်ဘီးစီးရင်ကော ဘယ်လိုလဲ ?

အနီးနားရှိတဲ့ ပန်းခြံက ခုံတန်းရှည်တွေမှာထိုင်ရင်းလည်း အချိန်ဖြုန်းလို့ရပါတယ်။

ကောင်းကင်ကြီးအောက်မှာ နှစ်ယောက်အတူ ချစ်စရာကောင်းတဲ့ ပျော်ပွဲစားထွက်လို့ရပါသေးတယ်။

အပြင်မသွားချင်ဘူးဆိုရင်လည်း အိမ်မှာ ရာသီအလိုက် အရသာရှိတဲ့တစ်ခုခု လုပ်စားကြည့်ပါ။

ရေကူးကန်မှာ ဘီယာလေး သောက်လိုက် ရေဆော့လိုက်နဲ့ အတူတူနေလို့ရပါတယ်။

အကြိုက်ဆုံးရုပ်ရှင်အတူတူကြည့်တာကလည်း အချိန်ကုန်မှန်းမသိကုန်စေမှာပါ။

အတူတူ စေတနာ့ဝန်ထမ်းလုပ်ပါ။ ကြည်နူးစရာကောင်းပြီး ကုန်ကျစရိတ်လည်း မရှိပါဘူး။

လက်ချင်းချိတ်ပြီး လမ်းလျှောက်ရင်း Window Shopping သွားပါ။