ပိုင်ဆိုင်ထားတဲ့ Relationship မှာ ပျော်မနေဘူးဆိုတာ ကိုယ်ကိုယ်တိုင်သတိမထားမိတာမျိုး ဖြစ်ဖူးလား ? မပျော်ရတဲ့ Relationship ဆိုတာပြောပြနေတဲ့ သတိပေးတဲ့ လက္ခဏာတွေ အများကြီးရှိပါတယ်။ ဒီအချက်တွေနဲ့တိုက်ဆိုင်နေပြီဆိုရင်တော့ သင်ကိုယ်တိုင်ဝန်မခံချင်လည်း မပျော်ရတဲ့ Relationship ထဲမှာ ပိတ်မိနေတယ်ဆိုတာ သေချာပါပြီ။

ပြဿနာတစ်ခုခုရှိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ နေတာ ဒါမှမဟုတ် အမြဲတမ်း အငြင်းအခုံဖြစ်နေရတာ အချေအတင်ဖြစ်နေရတာတွေက မပျော်ရတဲ့ Relationship ရဲ့ လက္ခဏာ တစ်ခုပါပဲ။

အချစ်ရေးမှာ နားလည်မှုလွဲတဲ့အခါ သဘောထားကွဲလွဲမှုတွေများလာတဲ့အခါ အရင်လိုမငြင်းခုံတော့ဘဲ စွန့်လွှတ်လိုက်တာကလည်း မပျော်မရွှင်တဲ့ ဆက်ဆံရေးတစ်ခုမှာ ပိတ်မိနေတဲ့လက္ခဏာပါပဲ။

အတူရှိနေချိန်မှာတောင် အထီးကျန်ဆန်နေတာ ၊ အရင်ကလို စကားစမြည်ပြောဆိုတာမျိုးတွေမရှိတော့ဘဲ တာဝန်ဝတ္တရားအရ မဖြစ်လို့သာ ပြောဆိုနေတာမျိုးဆို သေချာပါတယ်။ ဒါဟာ မပျော်ရတဲ့ Relationship တစ်ခုပါပဲ။

တစ်နေရာဆီရောက်နေမှ ဝေးကွာတာမဟုတ်ပါဘူး။ ဘေးနားမှာရှိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြောစရာအများကြီးမရှိသလို ခံစားလာရတာတွေ ၊ လုံးဝသီးခြားခြားနားတဲ့ဘဝတွေနဲ့ နေနေရသလို ခံစားရတာတွေကလည်း မပျော်ရတဲ့ Relationship ပါပဲ။

မျက်လုံးတွေမှိတ်ပြီး အနာဂတ်က နှစ်ယောက်ကြားဆက်ဆံရေးကို စိတ်ကူးကြည့်ပါ။ ရှေ့မှာ ပိုပျော်စရာကောင်းတဲ့ အချိန်တွေကို ပုံမဖော်နိုင်ရင် တစ်ယောက်နဲ့တစ်ယောက် အတူပျော်ဖို့အခွင့်အရေးတွေမရှိတော့ဘူးဆိုရင် အခုချိန်ဟာ အချစ်ရေးကို စွန့်လွှတ်ရမယ့် အချိန်ပါပဲ။