ချစ်သူနှစ်ဦးချင်း ရန်ဖြစ်တဲ့အခါ မတူညီတဲ့ခံယူချက်တွေ ခံစားချက်တွေ ထင်မြင်ချက်တွေ မတိုက်ဆိုင်တာကြောင့်ပါ။ ဒါပေမယ့် ရန်ဖြစ်စကားများရခြင်းရဲ့ အကြောင်းပြချက်တွေကတော့ သီးသန့်ဆီ ရှိနေကြမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ တူညီကြမှာမဟုတ်ပါဘူး။

ချစ်သူချင်း တစ်ယောက်က တင်းရင် တစ်ယောက်ကလျှော့မှ ရေရှည်လက်တွဲလို့အဆင်ပြေမှာပါ။ ချစ်သူဒေါသထွက်တဲ့အခါ ချစ်သူရဲ့အချစ်တွေကို ပြန်ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ MyStyle Myanmar ကနေ အနည်းငယ်လောက် မျှဝေပေးချင်ပါတယ်။

၁။ ၁ ကနေ ၁၀ ထိရေပါ။

ရန်ဖြစ်လိုက်တဲ့အခါ တစ်ယောက်ကိုယ်တစ်ယောက်တော့ ဒေါသထွက်ကြမှာပါပဲ။ အဲဒီအခါ အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ပြီး ၁ ကနေ ၁၀ ထိရေပေးပါ။

၂။ အနိုင်ရဖို့ မကြိုးစားပါနဲ့။

တစ်ယောက်ကိုယ်တစ်ယောက် မတူညီတဲ့စိတ်ခံစားချက်တွေ ခံယူချက်တွေနဲ့ ရန်ဖြစ်စကားများကြတဲ့အခါ အနိုင်ရလိုစိတ်နဲ့ စကားနိုင်မလုကြပါနဲ့။

၃။ သင့်ချစ်သူကို ပွေ့ဖက်ပေးလိုက်ပါ။

တစ်ယောက်ကဒေါသဖြစ်နေရင် တစ်ယောက်ကလျှော့လိုက်ပါ။ ပြီးရင် ဒေါသထွက်နေတဲ့ချစ်သူကို ပွေ့ဖက်ပေးလိုက်ပါ။ အခုလို ပွေ့ဖက်ပေးတာဟာ  “ ကိုယ်က မင်းချစ်သူဖြစ်ကြောင်း မင်းနဲ့အတူရှိချင်ကြောင်း “ ပြောတဲ့သဘောသက်ရောက်ပါတယ်။

၎။ အချိန်ယူပါ။

ရန်ဖြစ်စကားများကြတဲ့ကိစ္စအကြီး အသေးပေါ်မူတည်ပြီး ၁ ညလောက် အချိန်ယူစဉ်းစားလိုက်ပါ။ မနက်မိုးလင်းရင် သေချာပြန်ဆွေးနွေးပြီး ဒေါသပြေသွားတဲ့အခါ ပြန်ချော့ပါ။

၅။ ဟာသပြောပါ။

ချစ်သူနှစ်ဦးကြား တင်းမာမှုကို ဖြေလျှော့နိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ ဟာသလေးတွေ ပြောပေးတာပါပဲ။

၆။ သင့်ကိုဒေါသထွက်စေတဲ့အရာကိုသေချာတွေးပါ။

သင်တို့နှစ်ယောက် အချင်းများရင် ဒေါသထွက်လာတဲ့အခါ သင်ဘာကို ဒေါသထွက်တာလဲဆိုတာ သေချာတွေးပါ။ ပြီးရင် တာဝန်ယူပါ။

၇။ သူ့အတွက် စိတ်ကျေနပ်အောင် ဖန်တီးပေးပါ။

သူစိတ်ဆိုးဒေါသထွက်နေတာတွေ ပြေပျောက်စေဖို့အတွက် သူကြိုက်တဲ့နေရာ သူကြိုက်တဲ့အစားအစာရှိတဲ့ စားသောက်ဆိုင်ကိုခေါ်သွားပါ။ ချစ်ရမယ့်အချိန်တွေကို ရန်ဖြစ်စကားများပြီး ဘာလို့အချိန်ကုန်နေမှာလဲနော်။