လူငယ်ကောင်မလေးတွေအတွက် ချစ်စရာကောင်းတဲ့ ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေက ချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ ပိုလိုက်ဖက်တာကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ ဘယ်လိုလေးပို့စ်ပေးလိုက်ရင် ပိုချစ်ဖို့ကောင်းသွားမလဲဆိုတာကို တကူးတကစဉ်းစားနေစရာမလိုအောင် ဒီပို့စ်ပေးနည်းလေးတွေအတိုင်းသာ ရိုက်ကြည့်လိုက်နော်။

မြက်ခင်းမှာ ထိုင်ပြီးရိုက်ဖြစ်တဲ့အခါ တစ်ကိုယ်လုံးပါအောင်ရိုက်ပြီး ဒီလိုလေးပို့စ်ပေးလိုက်ပါ။ ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

Cute type fashion လေးတွေဝတ်ထားတဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဂါဝန်ရှည်လေးတွေ၊ စကပ်အရှည်လေးတွေ ဝတ်ထားတဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။

Freestyle ပုံစံလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဒီပို့စ်လေးအတိုင်းလည်း ရိုက်ကြည့်နော်။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

ဒီပို့စ်လေးကတော့ လူငယ်ကောင်မလေးမှမဟုတ်ပါဘူး။ အသက် ၃၀ ကျော်လည်း လိုက်ဖက်နေစေမယ့် ပို့စ်ပေးနည်းလေးပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းလေးပါ။ ပို့စ်ပေးရလွယ်ကူတာကြောင့် လူတိုင်းလုပ်လို့အဆင်ပြေမှာပါ။

မိန်းကလေးဆန်ဆန်လေး ဝတ်ထားတဲ့အခါမှာတော့ ဒီပို့စ်လေးက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

အောက်မှာထိုင်ရိုက်တဲ့အခါ အရမ်းချစ်ဖို့ကောင်းပြီး လှနေစေမယ့် ပို့စ်ပေးနည်းလေးတွေပါ။ ဂါဝန်အရှည်၊ စကပ်အရှည်လေးတွေ ဝတ်ပြီးရိုက်ရင်တော့ ပိုလှမှာနော်။

ခေါင်းမှာပုဝါလေးတွေပတ်ထားတဲ့အခါ၊ ချည်ထားတဲ့အခါ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။ ဒါကြောင့်လည်း လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်တာပေါ့။