တချို့ကျတော့ flirt နေတဲ့အချိန်မှာထဲက တစ်ဖက်လူအပေါ် အရမ်းစွဲလမ်းမိသွားကြတာမျိုး ရှိပါတယ်။ အဲ့လိုအခြေအနေမှာ တစ်ဖက်လူက ကိုယ့်အပေါ်ပြောင်းလဲပြီး ခံစားချက်မရှိတော့ရင်ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ပြတ်သွားတဲ့ ရည်းစားဟောင်းက ကိုယ့်အပေါ် ခံစားချက်မရှိတော့ရင်ပဲဖြစ်ဖြစ် ကိုယ့်ဘက်က မဆက်သွယ်မိအောင် နေသင့်ပါတယ်။ မေ့ပစ်သင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူး တစ်ခါတစ်လေမှာ အရမ်းဆက်သွယ်ချင်လာတယ်ဆိုရင် ဒီအချက် ၄ ချက်ကို try ကြည့်ပါ။ ဒီအချက် ၄ ချက်က ကိုယ့်အပေါ်ခံစားချက်မရှိတော့တဲ့သူကို ထပ်မဆက်သွယ်မိအောင် ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။

ပြောချင်တာတွေကို Note ထဲချရေးပါ

ထပ်မဆက်သွယ်မိအောင် ထိန်းချုပ်ပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ပြောချင်နေတာတွေ၊ မေးချင်နေတာတွေ အားလုံးကို note ထဲမှာပဲအရင်ချရေးပါ။ စိတ်ပေါ့သွားပါလိမ့်မယ်။ ချရေးပြီးရင်လည်း ကိုယ်ရေးထားတာကို ခဏခဏပြန်ဖတ်နေပါ။ ၅ ခါ၊ ၆ ခါလောက် ဖတ်ပြီးရင် ၂ ရက်လောက်ကြာသွားရင် အဲ့တာတွေကို သူ့ဆီပို့ချင်စိတ်၊ ပြောချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။

ဆက်သွယ်လို့မရအောင်လုပ်ထားပါ

သူ့ရဲ့ဖုန်းနံပါတ်တွေ၊ ဆက်သွယ်လို့ရမယ့် facebook, instagram စတဲ့ social media တွေမှာပါ block ထားလိုက်ပါ။ မြင်နေရင် ကိုယ့်စိတ်ကိုမထိန်းနိုင်ပဲ ဆက်သွယ်မိနေမှာပါ။ မဆက်သွယ်မိတာကြာရင် မြန်မြန်ဆန်ဆန်လည်း move on လုပ်နိုင်သွားပါလိမ့်မယ်။

သူငယ်ချင်းတွေဆီရင်ဖွင့်ပါ

တစ်ခါတစ်လေမှာ အရမ်းသတိရပြီး ပြန်ဆက်သွယ်ချင်စိတ်တွေ ဖြစ်လာတဲ့အခါ သူ့ဆီတန်းဆက်သွယ်တာမျိုးမလုပ်ပဲ သူငယ်ချင်းဆီ အရင်ဆက်သွယ်လိုက်ပါ။ သူငယ်ချင်းတွေနဲ့တွေ့ပြီး ရင်ဖွင့်ပါ။ သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ စိတ်သက်သာရာရပြီး အဆင်ပြေသွားပါလိမ့်မယ်။

အာရုံပြောင်းစေမယ့်အရာတွေလုပ်နေပါ

သတိရတဲ့စိတ်တွေ၊ ဆက်သွယ်ချင်တဲ့စိတ်တွေ ပျောက်သွားအောင် အာရုံပြောင်းပြီး တခြားအရာတစ်ခုခု လုပ်နေပါ။ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ်၊ ချည်ထိုးတာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေလိုက်ပါ။ အဲ့တာဆိုရင် အချိန်ကုန်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာမို့ ဆက်သွယ်ချင်တဲ့စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။