[Zawgyi]

ကိုယ္ခႏၶာမွာရွိတဲ့ အဆီေတြအားလံုးထဲမွာမွ ဖယ္ရွားရအခက္ဆံုးက ဝမ္းဗိုက္ကအဆီေတြပဲျဖစ္ပါတယ္။ ဝမ္းဗိုက္ကအဆီေတြ ေခ်ဖ်က္ဖို႔ဆိုရင္ စိတ္ရွည္တတ္ဖို႔လိုပါတယ္။ အဆီေတြဖယ္ရွားဖို႔အတြက္ ေဆးဝါးမ်ားမွီဝဲျခင္းက ေဘးထြက္ဆိုးက်ိဳးရွိႏိုင္တာေၾကာင့္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းကသာအေကာင္းဆံုးျဖစ္ပါတယ္။ ဝမ္းဗိုက္ကအဆီေတြကို ဖယ္ရွားေပးမယ့္ အထိေရာက္ဆံုးေလ့က်င့္ခန္းမ်ားကေတာ့ –

ေလ့က်င့္ခန္း ၁

မတ္မတ္ရပ္ၿပီး ေျခေထာက္ႏွစ္ဖက္ကို ခြဲထားပါ။ လက္ႏွစ္ဖက္ကို ေနာက္ေစ့ေနာက္မွာ ထိကပ္ထားပါ။ ဒူးႏွစ္ဖက္ကို ေကြးညႊတ္လိုက္ပါ။ ဒါေပမဲ့ တင္ပါးကိုေတာ့ မလႈပ္ရွားမိေအာင္ သတိထားေပးရပါမယ္။ ဒူးေခါင္းေကြးလိုက္ ခုန္လိုက္၊ ေကြးလိုက္ ခုန္လိုက္နဲ႔ အႀကိမ္ ၁၀၀ ခန္႔ ျပဳလုပ္ေပးပါ။ အေမာမခံႏိုင္သူမ်ားအေနနဲ႔ကေတာ့ အႀကိမ္ ၃၀ တစ္ခါနား၊ အႀကိမ္ ၂၀ တစ္ခါနားၿပီး ျပဳလုပ္ေပးပါ။

ေလ့က်င့္ခန္း ၂

ေျခေထာက္ႏွစ္ဖက္ကို ခြာၿပီး ရပ္ထားပါ။ ခႏၶာကိုယ္ကို တစ္ဖက္ကိုကိုင္းခ်လိုက္တဲ့အခါ ဘယ္လက္က ေပါင္ကိုထိကပ္ထားၿပီး အလိုက္သင့္ေလးေလွ်ာခ်ပါ။ ညာလက္ေျမွာက္ၿပီး ေခါင္းေပၚကေန ကိုင္းခ်လိုက္ပါ။ ၿပီးရင္ အျခားတစ္ဖက္ေျပာင္းၿပီး ကိုယ္ကိုကိုင္းခ်ပါ။ တစ္ဖက္တစ္ခ်က္စီ ကိုင္းခ်ၿပီးသြားရင္ တစ္ႀကိမ္ျပည့္ပါမယ္။ ဒီေလ့က်င့္ခန္းကိုလည္း အႀကိမ္ ၁၀၀ ခန္႔ျပဳလုပ္ေပးပါ။ ဒါမွ ရလဒ္ေကာင္းကိုရရွိမွာမို႔လို႔ပါ။

ေလ့က်င့္ခန္း ၃

အရင္ဆံုးၾကမ္းျပင္ေပၚမွာ လွဲခ်လိုက္ပါ။ လက္ႏွစ္ဖက္ကို မ်က္ႏွာၾကက္ေပၚကိုဆန္႔တန္းထားပါ၊ ေျခေထာက္ ႏွစ္ေခ်ာင္းကိုလည္း မ်က္ႏွာၾကက္ေပၚဆန္႔ထားပါ။ ၿပီးရင္ ခႏၶာကိုယ္အေပၚပိုင္းကို ႄကြလိုက္ၿပီး လက္ေခ်ာင္းေလးမ်ားက ေျခေခ်ာင္းေလးမ်ားကို လွမ္းထိလိုက္ပါ။ ေျခေခ်ာင္းေလးမ်ားကို ထိလိုက္၊ ခႏၶာကိုယ္ကို ျပန္ခ်လိုက္၊ ထိလိုက္ ျပန္ခ်လိုက္နဲ႔ အႀကိမ္ ၅၀ ခန္႔ျပဳလုပ္ေပးပါ။ ဝမ္းဗိုက္အဆီမ်ား ဖယ္ရွားဖို႔အတြက္ အသင့္ေတာ္ဆံုးေလ့က်င့္ခန္းပါပဲ။

ေလ့က်င့္ခန္း ၄

ပံုမွာျပထားတဲ့အတိုင္း ခႏၶာကိုယ္ကို အသင့္ျပင္ထားပါ။ ဆန္႔တန္းထားတဲ့ လက္ႏွစ္ဖက္ေအာက္မွာ ပုဝါတစ္ခုစီခ်ထားပါ။ ညာဘက္လက္ကို ေဘးဘက္သို႔ တတ္ႏိုင္သေလာက္ ဆန္႔ထုတ္လိုက္ပါ။ အဲ့လိုဆန္႔ထုတ္တဲ့အခ်ိန္မွာ လက္ပဲေရြ႕လ်ားေပးပါ။ ရင္ဘတ္နဲ႔ တင္ပါးကို လံုးဝမေရြ႕ပါေစနဲ႔။ ၿပီးရင္ ဆန္႔ထုတ္ထားတဲ့လက္ကို မူလအေနအထားအတိုင္း ျပန္ထားပါ။ ဘယ္ဘက္လက္ကို ေဘးဘက္သို႔ဆန္႔ထုတ္၊ ၿပီးရင္ မူလအေနအထားအတိုင္းျပန္ထားပါ။ အႀကိမ္ ၁၀၀ ခန္႔ ျပဳလုပ္ေပးပါ။ အဲ့လိုျပဳလုပ္ျခင္းအားျဖင့္ ဝမ္းဗိုက္ႂကြက္သားေတြကို က်စ္လစ္သြားေစ႐ံုမကဘဲ လက္ေမာင္းကအဆီပိုေတြကိုလည္း ဖယ္ရွားေပးပါတယ္။

ေလ့က်င့္ခန္း ၅

ၾကမ္းျပင္ေပၚမွာ လွဲခ်လိုက္ပါ။ ေျခေထာက္ႏွစ္ေခ်ာင္းကို ၾကမ္းျပင္ကေန ၅ လက္မ ၆လက္မအကြာမွာ ေျမွာက္ထားပါ။ လက္ႏွစ္ဖက္ကို ေခါင္းေအာက္မွာခ်ထားပါ။ ၿပီးရင္ ေျမွာက္ထားတဲ့ ေျခေထာက္ကို ကတ္ေၾကးပံုစံ ဟိုဘက္ဒီဘက္ ယွက္လိုက္ပါ။ ဒီေလ့က်င့္ခန္းကိုေတာ့ ၁၀ ႀကိမ္၊ ၁၅ ႀကိမ္ခန္႔ျပဳလုပ္ေပးပါ။

Source: www.howtoxp.com

[Unicode]

ကိုယ်ခန္ဓာမှာရှိတဲ့ အဆီတွေအားလုံးထဲမှာမှ ဖယ်ရှားရအခက်ဆုံးက ဝမ်းဗိုက်ကအဆီတွေပဲဖြစ်ပါတယ်။ ဝမ်းဗိုက်ကအဆီတွေ ချေဖျက်ဖို့ဆိုရင် စိတ်ရှည်တတ်ဖို့လိုပါတယ်။ အဆီတွေဖယ်ရှားဖို့အတွက် ဆေးဝါးများမှီဝဲခြင်းက ဘေးထွက်ဆိုးကျိုးရှိနိုင်တာကြောင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်။ ဝမ်းဗိုက်ကအဆီတွေကို ဖယ်ရှားပေးမယ့် အထိရောက်ဆုံးလေ့ကျင့်ခန်းများကတော့ –

လေ့ကျင့်ခန်း ၁

မတ်မတ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို ခွဲထားပါ။ လက်နှစ်ဖက်ကို နောက်စေ့နောက်မှာ ထိကပ်ထားပါ။ ဒူးနှစ်ဖက်ကို ကွေးညွှတ်လိုက်ပါ။ ဒါပေမဲ့ တင်ပါးကိုတော့ မလှုပ်ရှားမိအောင် သတိထားပေးရပါမယ်။ ဒူးခေါင်းကွေးလိုက် ခုန်လိုက်၊ ကွေးလိုက် ခုန်လိုက်နဲ့ အကြိမ် ၁၀၀ ခန့် ပြုလုပ်ပေးပါ။ အမောမခံနိုင်သူများအနေနဲ့ကတော့ အကြိမ် ၃၀ တစ်ခါနား၊ အကြိမ် ၂၀ တစ်ခါနားပြီး ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ခြေထောက်နှစ်ဖက်ကို ခွာပြီး ရပ်ထားပါ။ ခန္ဓာကိုယ်ကို တစ်ဖက်ကိုကိုင်းချလိုက်တဲ့အခါ ဘယ်လက်က ပေါင်ကိုထိကပ်ထားပြီး အလိုက်သင့်လေးလျှောချပါ။ ညာလက်မြှောက်ပြီး ခေါင်းပေါ်ကနေ ကိုင်းချလိုက်ပါ။ ပြီးရင် အခြားတစ်ဖက်ပြောင်းပြီး ကိုယ်ကိုကိုင်းချပါ။ တစ်ဖက်တစ်ချက်စီ ကိုင်းချပြီးသွားရင် တစ်ကြိမ်ပြည့်ပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း အကြိမ် ၁၀၀ ခန့်ပြုလုပ်ပေးပါ။ ဒါမှ ရလဒ်ကောင်းကိုရရှိမှာမို့လို့ပါ။

လေ့ကျင့်ခန်း ၃

အရင်ဆုံးကြမ်းပြင်ပေါ်မှာ လှဲချလိုက်ပါ။ လက်နှစ်ဖက်ကို မျက်နှာကြက်ပေါ်ကိုဆန့်တန်းထားပါ၊ ခြေထောက် နှစ်ချောင်းကိုလည်း မျက်နှာကြက်ပေါ်ဆန့်ထားပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွလိုက်ပြီး လက်ချောင်းလေးများက ခြေချောင်းလေးများကို လှမ်းထိလိုက်ပါ။ ခြေချောင်းလေးများကို ထိလိုက်၊ ခန္ဓာကိုယ်ကို ပြန်ချလိုက်၊ ထိလိုက် ပြန်ချလိုက်နဲ့ အကြိမ် ၅၀ ခန့်ပြုလုပ်ပေးပါ။ ဝမ်းဗိုက်အဆီများ ဖယ်ရှားဖို့အတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းပါပဲ။

လေ့ကျင့်ခန်း ၄

ပုံမှာပြထားတဲ့အတိုင်း ခန္ဓာကိုယ်ကို အသင့်ပြင်ထားပါ။ ဆန့်တန်းထားတဲ့ လက်နှစ်ဖက်အောက်မှာ ပုဝါတစ်ခုစီချထားပါ။ ညာဘက်လက်ကို ဘေးဘက်သို့ တတ်နိုင်သလောက် ဆန့်ထုတ်လိုက်ပါ။ အဲ့လိုဆန့်ထုတ်တဲ့အချိန်မှာ လက်ပဲရွေ့လျားပေးပါ။ ရင်ဘတ်နဲ့ တင်ပါးကို လုံးဝမရွေ့ပါစေနဲ့။ ပြီးရင် ဆန့်ထုတ်ထားတဲ့လက်ကို မူလအနေအထားအတိုင်း ပြန်ထားပါ။ ဘယ်ဘက်လက်ကို ဘေးဘက်သို့ဆန့်ထုတ်၊ ပြီးရင် မူလအနေအထားအတိုင်းပြန်ထားပါ။ အကြိမ် ၁၀၀ ခန့် ပြုလုပ်ပေးပါ။ အဲ့လိုပြုလုပ်ခြင်းအားဖြင့် ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လစ်သွားစေရုံမကဘဲ လက်မောင်းကအဆီပိုတွေကိုလည်း ဖယ်ရှားပေးပါတယ်။

လေ့ကျင့်ခန်း ၅

ကြမ်းပြင်ပေါ်မှာ လှဲချလိုက်ပါ။ ခြေထောက်နှစ်ချောင်းကို ကြမ်းပြင်ကနေ ၅ လက်မ ၆လက်မအကွာမှာ မြှောက်ထားပါ။ လက်နှစ်ဖက်ကို ခေါင်းအောက်မှာချထားပါ။ ပြီးရင် မြှောက်ထားတဲ့ ခြေထောက်ကို ကတ်ကြေးပုံစံ ဟိုဘက်ဒီဘက် ယှက်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်၊ ၁၅ ကြိမ်ခန့်ပြုလုပ်ပေးပါ။

Source: www.howtoxp.com

Featured Image Source: BRIGHT SIDE