အမျိုးသမီးများအတွက် အသက်ကြီးလာလည်း ရင်သားလျော့တွဲကျတာမျိုး မဖြစ်အောင်၊ ရင်သားတင်းရင်းပြီး လှပနေစေမယ့် ရိုးရှင်းသောယောဂကျင့်စဉ် ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီယောဂကျင့်စဉ်တွေက အိမ်မှာလုပ်လို့ရတာတွေဖြစ်ပြီး ရိုးရှင်းတာကြောင့် လူတိုင်းလုပ်ဖို့ အဆင်ပြေပါတယ်။

Warrior Pose

အရင်ဆုံး ခြေထောက်အနေအထားကို ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး လက်နှစ်ဖက်ကိုစုကာ အပေါ်မြှောက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ၉၀ ဒီဂရီဆန့်ထုတ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

Triangle Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး ၁၀ စက္ကန့်နေပါ။ ပြီးရင် မတ်တပ်ပြန်ရပ်၊ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Cobra Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၀ စက္ကန့်နေပြီး အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ပြန်ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။

Bow Pose

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်းလုပ်ပြီး စက္ကန့် ၃၀ နေပေးရပါမယ်။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကိုဖြေးဖြေးချင်း ရှူသွင်းရှူထုတ် လုပ်ပေးပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်း ပြန်နေပါ။ အဲ့အတိုင်း ၅ ကြိမ် လုပ်ပေးပါ။

Wheel Pose

ဒီယောဂကျင့်စဉ်ကလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရမှာပါ။ ဒါပေမယ့် ဒီယောဂကျင့်စဉ်က ခက်တဲ့အတွက် လုပ်နေကျသူမဟုတ်ရင် ဒီယောဂကျင့်စဉ်ကို မလုပ်ပဲထားခဲ့နိုင်ပါတယ်။

Camel Pose

ဒူးနှစ်ဖက်ထောက်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း အနောက်ကိုလန်ပြီးနေပေးရမှာပါ။ စက္ကန့် ၃၀ နေပြီး အသက်ကို ဖြေးဖြေးချင်းရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။ ၅ ကြိမ်လုပ်ပေးရင်ရပါပြီ။