တစ်နေ့တာကို စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် မနက်တိုင်းလုပ်ပေးသင့်တဲ့ အကြောဆန့်လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ရင်တောင်မှ ဒီလေ့ကျင့်ခန်းတွေ လုပ်ပေးရင် အဆင်ပြေနေပါပြီ။

Child’s Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပြီး လက်နှစ်ဖက်ကိုဆန့်ကာ အရှေ့ကိုကုန်းလိုက်၊ ခါးပြတ်မတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ လုပ်တဲ့အချိန်မှာ အသက်ကို ဖြေးဖြေးချင်းစီ ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ်ပဲလုပ်ပေးရုံနဲ့ ရပါတယ်။

Cat-Cow

ကြမ်းပြင်မှာ ဒူးထောက်၊ လက်ဖဝါးထောက်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်အဆင်ပြေသလောက် လုပ်ပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ပုံမှန် ၁၀ ကြိမ် လုပ်ပေးပါ။

Downward-Facing Dog

လက်ဖဝါးထောက်၊ ခြေဖဝါးထောက်ပြီး ပုံမှာလုပ်ပြထားသလို ခြေဖဝါးထောက်ကာ body ကို ဆန့်ထုတ်လိုက်၊ ခြေဖဝါးပြန်ချပြီး အနောက်ဆုတ်လိုက်နဲ့ ဆက်တိုက် ၁၅ ကြိမ် လုပ်ပေးပါ။

One-Legged Dog

လက်ဖဝါးထောက်၊ ခြေထောက်တစ်ဖက်ကိုထောက်ပြီး နောက်ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်လိုက်၊ ကွေးပြီး ဘေးဘက်စောင်းလိုက်နဲ့ ပုံထဲကအတိုင်း လုပ်ပေးရပါမယ်။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးရင် ရပါပြီ။

Mountain Pose

 

ခြေထောက်၊ လက်နဲ့ body ကို ဆန့်ထုတ်ထားပြီး မတ်တပ်ရပ်ပါ။ ပြီးရင် ခြေချောင်းထိပ်တွေကို ကြွလိုက်၊ ပြန်ချလိုက်နဲ့ စက္ကန့် ၃၀ လောက်လုပ်ပေးရမှာပါ။ အဲ့လိုလုပ်နေချိန်မှာ အသက်ရှူသွင်းရှူထုတ်ကို ပုံမှန်အတိုင်း လုပ်နေပေးပါ။

Standing Forward Bend

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ပုံမှာလုပ်ပြထားသလိုပဲ အရှေ့ကိုကုန်းလိုက် မတ်တပ်ပြန်ရပ်လိုက် လုပ်ပေးရုံပါပဲ။ ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။ ဒီလိုလုပ်နေချိန်မှာ အသက်ကို ရှိုက်ပြီးရှူသွင်းလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။