ဝိတ်ကျဖို့အတွက် ဆော့တာ မစားခင်ဆော့ရင် ဝိတ်တွေတက်ကုန်မှာပေါ့လို့ ပြောရင်တော့ သင်သိထားတဲ့အချက်က မှားနေတယ်လို့ပဲ ပြောပါရစေ။ အခြားသောအချက်တွေကိုလည်း အမှန်ပြင်လို့ရအောင် ဆက်ဖတ်ကြည့်လိုက်ရအောင်။

ဝိတ်ကျချင်တယ်ဆို အားကစားမလုပ်ခင် မစားသင့်ဘူးဆို

မဟုတ်ပါဘူး။ သင့်ရဲ့ပန်းတိုင်က ဝိတ်ကျချင်တယ်ဆိုရင် အားကစားမလုပ်ခင် အစားစားပေးမှ ကောင်းစွာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ များများဆော့နိုင်မှ အဆီပိုတွေ ပိုလောင်ကျွမ်းပြီး ဝိတ်ကျကာ ကြွက်သားများကျစ်လျစ်တောင့်တင်းလာမှာပါ။

Cardio လေ့ကျင့်ခန်းတွေ ဆော့တဲ့နေ့ကျမှ မဆော့ခင် အစားစားသင့်တယ်ဆို

စောစောက ပြောခဲ့သလိုပါပဲ။ Cardio လေ့ကျင့်ခန်းမှ မဟုတ်ပါဘူး။ ဘယ်လိုလေ့ကျင့်ခန်းကို အချိန်ဘယ်လောက်ကြာအောင် ပြုလုပ်နေပါစေ မပြုလုပ်ခင် အနည်းဆုံး တစ်နာရီခန့် ကြိုပြီး အစား စားပေးရပါမယ်။

ပရိုတိန်းရှိတ်တွေကို Gym မဆော့ခင် သောက်ပေးရင် ခန္ဓာကိုယ်အတွက်ရော ကြွက်သားတွေအတွက်ပါ ကောင်းတယ်ဆို

သင့်ခန္ဓာကိုယ်က ရရှိလိုက်တဲ့ ပရိုတိန်းတွေကို စွမ်းအင်ပင်မအရင်းမြစ်အဖြစ်အသုံးပြုတာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်ကြွက်သားတွေကြီးလာအောင်လည်း ကူညီပေးမှာမဟုတ်ပါဘူး။ အားကစားမလုပ်ခင် ပရိုတိန်းမသောက်ဘဲ ကာဗိုဟိုက်ဒြိုက်ဓာတ်ပါတဲ့ အစားအစာတစ်ခုကို မဆော့ခင် ၂ နာရီ၊ ၃ နာရီခန့် ကြိုတင်စားသုံးထားပါ။

အားကစားမလုပ်ခင် အစားစားခြင်းက အစာအိမ်ကို ဒုက္ခပေးတယ်ဆို။

တချို့သူတွေပြောကြပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် အစားစားလိုက်ရင် အန်ချင်သလိုလို၊ ဗိုက်အောင့်သလိုလိုဖြစ်တယ်တဲ့။ ဒါဆိုရင်တော့ မှားနေတဲ့အကြောင်းအရာက သင့်ရဲ့ အစားစားချိန်နဲ့ လေ့ကျင့်ခန်းပြုလုပ်ချိန်က နီးကပ်သွားတာလည်း ဖြစ်နိုင်သလို၊ စားသုံးလိုက်တဲ့အစားအစာက အစာကြေမလွယ်တဲ့အစားအစာဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အိပ်ရေးမဝဘဲနဲ့ ဆော့ကစားမယ်ဆိုရင်လည်း မူးဝေနေပါလိမ့်မယ်။