အမျိုးသားတွေအနေနဲ့ ထိပ်ပြောင်တယ်ဆိုတဲ့ကိစ္စက တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ဆံပင်အမြန်ပေါက်ချင်ကြတယ်။ ဆံပင်စိုက်ကြတယ်။ ထိပ်ပြောင်တဲ့လူက ဆွဲဆောင်မှုနည်းပါးပြီး ယောကျာ်းမဆန်ဘူးလို့ယုံကြည်ထားကြလို့ပါ။ဒါပေမဲ့ ထိပ်ပြောင်တဲ့အမျိုးသားတွေဟာ ပို Confident ရှိပြီး Smart ပိုကျကြပါတယ်။

ဒါကြောင့် သင့်ခင်ပွန်း ချစ်သူ ဒါမှမဟုတ် သင်ကိုယ်တိုင်က ထိပ်ပြောင်ရင်ဝမ်းနည်းစရာမဟုတ်ပါဘူး။ အကောင်းဘက်က တွေးလို့ရပါတယ်။ ပိုလည်းအောင်မြင်နိုင်ချေများပါတယ်။

ထိပ်ပြောင်တဲ့အမျိုးသားတွေက အခြားသူတွေထက် လွှမ်းမိုးမှုရှိပါတယ်

Fast and Furious ဇာတ်လမ်းကို အားလုံးကြည့်ဖူးမှာပါ။ ဒီကားထဲမှာ အဓိကမင်းသားတွေက အကုန်ဆံပင်မရှိကြပါဘူး။ ဒါပေမဲ့ သူတို့အားလုံး လူကြိုက်များပြီး အောင်မြင်ကြပါတယ်။ ထိပ်ပြောင်တဲ့လူတွေဟာ သာမန်အမျိုးသားတွေထက် အခြားသူတွေကို ပိုလွှမ်းမိုးနိုင်ကြပါတယ်။ သူတို့တွေဟာ ဆိုရှယ်ကျပြီး သာမန်ဆံပင်နဲ့အမျိုးသားတွေနဲ့ နှိုင်းယှဉ်ပြီး သိမ်သည်တာမျိုး မခံစားရပါဘူးတဲ့။

Dr. Frank Muscarella ဟာ လေ့လာမှုမှာ အမျိုးသားတွေကို အဓိကအချက် လေးချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲ့အချက်လေးချက်က ဆွဲဆောင်မှု၊ ကျေနပ်နိုင်စွမ်းနဲ့ ရင့်ကျက်မှု၊ ခွန်အားတွေပါ။ လူအချို့ကို သာမန်ဆံပင်နဲ့ အမျိုးသားတွေပုံကို ပြပြီး ကျန်လူအချို့ကိုတော့ ရှေ့အဖွဲ့ကသာမန်ဆံပင်နဲ့ အမျိုးသားပုံတွေကိုပဲ ဆံပင်မပါဘဲ ပြထားတာပါ။ ရလာတဲ့ရလဒ်ကတော့ မယုံနိုင်စရာပါပဲ။ တစ်ရုပ်တည်းပိုပဲ ထိပ်ပြောင်တဲ့ပုံက ပိုရိုးသားကာ ဥာဏ်ပိုကောင်းပြီး ယောကျာ်းပိုပီသတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။

လေ့လာမှုအထပ်ထပ်လုပ်တိုင်း ဒီအဖြေက မှန်နေခဲ့ပါတယ်

လေ့လာမှုလုပ်တိုင်း ဒီအဖြေပဲထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ထိပ်ပြောင်တဲ့အမျိုးသားတွေက အသက်ပိုကြီးတယ်လို့ ထင်ရစေပြီး ပညာပိုရှိတယ်လို့လည်း အဖြေထွက်လာပါတယ်။

ထိပ်ပြောင်သူတွေဟာ သူတို့ရဲ့ ပုံစံကိုပြောင်းလဲနိုင်ပြီး အခြားသူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်တဲ့သူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်ပြောင်ပုံစံနဲ့ နေရဲကြတာပါ။

ဒီလေ့လာမှုကို သင်ကောသဘောတူလား။ ထိပ်ပြောင်တဲ့သူတွေကို Mention ခေါ်ပြီး ဂုဏ်ပြုလိုက်ပါဦးနော်။

Source: Brightside.me

By MyStyle Myanmar