အားလုံးပဲမင်္ဂလာပါနော်။ MyStyle Myanmar က စာဖတ်သူ ချစ်သူစုံတွဲလေးတွေအတွက် ဒီတခါမှာတော့ ချစ်သူတိုင်းရဲ့ RS Goal ပုံရိပ်လေးတွေကို မျှဝေပေးချင်ပါတယ်။
ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ ရင်ခုန်ကြည်နူးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေ၊ ပျော်ရွှင်မှုတွေ တခါတလေ အလွမ်းအဆွေးတွေ စတဲ့ ခံစားချက်အားလုံး ရောထွေးနေမှာသေချာပါတယ်။
ဒီပုံလေးတွေကိုကြည့်လိုက်တာနဲ့ ချစ်တတ်တဲ့နှလုံးသားရှိသူတိုင်းရဲ့ အသည်းကို ဖမ်းစားထားနိုင်မယ်လို့ ယုံကြညပါတယ်နော်။
ဒီပုံလေးတွေရဲ့နာမည်ကတော့ Touch လို့နာမည်ပေးထားပြီးတော့ Zipcy ဆိုတဲ့ ကိုရီးယားအနုပညာရှင်က လူတိုင်းရဲ့ နှလုံးသားကိုထိတွေ့စေနိုင်ဖို့အတွက် ပုံဖော်ခဲ့တာဖြစ်ပါတယ်။
စာဖတ်သူတို့ရဲ့နှလုံးသားကို ထိ မထိဆိုတာကတော့ အခုပဲ ပုံလေးတွေကို ကြည့်လိုက်ပါဦးနော်။
၁။ ချစ်သူကို ပွေ့ဖက်ပေးမယ်
၂။ အတူတူဇာတ်ကားကြည့်ရင်း မုန့်စားကြမယ်
၃။ ချီပြီး အနမ်းလေးတွေချွေမယ်
၎။ တချိန်ချိန်မှာ အတူတူအိပ်ကြမယ်
၅။ ချစ်သူလက်ကို ကြင်ကြင်နာနာလေး နမ်းရှိုက်မယ်
၆။ အိပ်ယာမထသေးဘဲ အတူတူ စကားပြောကြမယ်
၇။ တခါတလေ ရင်ခွင်ထဲထည့်ထားပေးမယ်
၈။ ချစ်သူရဲ့ ဖိနပ်ကိုချည်ပေးမယ်
၉။ လက်သည်းလေးညှပ်ပေးမယ်
၁၀။ လက်လေးတွေကို နွေးအောင်လုပ်ပေးမယ်
၁၁။ ဒီလိုအကြင်နာပေးမယ်
၁၂။ ဝေးနေတဲ့အချိန်မှာ အမှတ်တရနေရာကိုသွားကြမယ်
၁၃။ အတူတူ ဘီယာလေးသောက်ပြီး နေကြမယ်
၁၄။ တစ်ယောက်ပေါင်ပေါ်တစ်ယောက်မှီပြီးနေမယ်
၁၅။ ဆံပင်လေးတွေကို သပ်ပေးမယ်
၁၆။ နားအယားပြေအောင် နားချေးကလော်ပေးမယ်
၁၇။ အနောက်ကနေ နမ်းမယ်
၁၈။ တစ်ယောက်လက်ကို တစ်ယောက်မြဲမြဲတွဲထားမယ်
၁၉။ နှုတ်ခမ်းလေးကိုဖွဖွနမ်းမယ်
၂၀။ ဒီလိုလေးနေမယ်
Source: www.brightside.me
BY: MyStyle Myanmar