မင်္ဂလာပါ ပျိုမေလေးတို့ရေ။ လက်သည်းကျန်းမာရေးကလည်း ပျိုမေလေးတို့ရဲ့ အလှအပကို တစ်စိတ်တစ်ပိုင်း ကူညီပံ့ပိုးပေးတယ်ဆိုတာ မမေ့ပါနဲ့နော်။ လက်သည်းကျန်းမာရေးကို ဂရုစိုက်တဲ့အပြင် လက်သည်းနီဆိုးရတာကို မိန်းကလေးအများစုက ကြိုက်နှစ်သက်ကြပါတယ်။
လက်သည်းနီဆိုးပြီး လက်သည်းပုံဖော်တာကို လက်သည်းရှည်တဲ့ ပျိုမေလေးတွေပဲ လုပ်လို့ရတာမဟုတ်ပါဘူး။ လက်သည်းတိုတိုလေးနဲ့ လက်သည်းဒီဇိုင်းလှလှလေးတွေကို ဘယ်လိုပုံဖော်လို့ရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။
လာဗန်ဒါပန်းအရောင် လက်သည်းဆိုးကြမယ်
အရောင်နုရောင် လက်သည်းနီ
အဖြူအမဲ လခြမ်းပုံသဏ္ဍာန်
မျက်လုံးအေးစေတဲ့ အရောင်
ကျားသစ်ကွက်လေး
အဝါရောင် တောက်တောက်ကလေး လက်သည်းပုံဖော်မယ်
အဖြူနဲ့ ပန်းဖျော့ရောင်
နောက် Pattern တစ်မျိုး
ဝိုင်အရောင်
အဖြူအမဲ အစင်းကျားလေ
လှပတဲ့ ပန်းပွင့်ပုံ လက်သည်းပုံဖော်နည်း
အရောင်စုံလင်တဲ့ အစက်အပျောက်ကလေးတွေ
အဖြူနဲ့ ငွေရောင်ပေါင်းစပ်ပြီး လက်သည်းဆိုးမယ်
ခရမ်းနုရောင်
ပန်းပွင့်နဲ့ စာလုံးလေးတွေ ဖော်နည်း
အခုဖော်ပြပေးသွားတဲ့ လက်သည်းပုံဖော်နည်းလေးတွေက လက်သည်းရှည်ထားရတာ မကြိုက်တဲ့ ပျိုမေလေးတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Brightside.me