လက်သည်းနီကို လက်သည်းအပြည့်ဆိုးတာမျိုး မကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ လက်သည်းထိပ်လေးတွေကိုဆိုးပြီး ပုံဖော်ထားတဲ့ လှပသောလက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောင်ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

လူငယ်ကောင်မလေးတွေဆိုရင် ဒီလက်သည်းဒီဇိုင်းကို ပုံဖော်ကြည့်ပါ။ ကာလာစုံနဲ့မို့ လူငယ်ဆန်ပြီး လှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုလည်း အရောင်ငြိမ်ငြိမ်လေးနဲ့ ရှင်းရှင်းလေးမို့ အရမ်းလှပါတယ်။

လက်သည်းတစ်ချောင်းထဲကိုပဲ အပြည့်ဆိုးပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း အရမ်းလှတယ်နော်။ အခုခေတ်စားနေတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

လက်သည်းရှည်ရင် ဒီလက်သည်းဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။ ရှင်းရှင်းလေးနဲ့လှတာမို့ ပုံဖော်ကြည့်နော်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကိုယ်တိုင်တောင်ပုံဖော်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကိုလှပါတယ်။

အဖြူနဲ့အနက်ကို နှစ်ရောင်စပ်ပြီး ထိပ်ဘက်မှာ တစ်စောင်းလေးပုံဖော်ထားတာက အမြင်ဆန်းပြီး ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

အဖြူရောင်ဆိုးပြီး accessories လေးတွေကပ်ထားတာဖြစ်လို့ ပိုပြီးလှသွားတာပါ။ အဖြူရောင်ဆိုးမယ်လို့ စဉ်းစားထားရင် ဒီလိုလေးပုံဖော်ကြည့်ပါ။

လက်သည်းအချွန်၊ လက်သည်းအဝိုင်းလေးတွေ ထားတယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အမြင်ဆန်းပြီး လှပါတယ်။

Cat eyes ကိုမှ လက်သည်းထိပ်နားလေးပဲဆိုးပြီး ပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ဒီဇိုင်းပုံဖော်တာတွေ မလုပ်ချင်ရင် ဒီလိုလေးဆိုးကြည့်နော်။