လက်သည်းဆိုးတဲ့အခါ လိမ္မော်နီ၊ လိမ္မော်ရောင်၊ မက်မွန်သီးအရောင်တွေက အခုနောက်ပိုင်း လူကြိုက်များလာတဲ့အရောင်တွေမလို့ မဆိုးဘူးသေးရင် စမ်းကြည့်ပါ။ သင်က လိမ္မော်ရောင်ချစ်သူဆိုရင်တော့ သေချာပေါက်ကို ဆိုးကြည့်သင့်ပါတယ်။

ငြိမ်တာကြိုက်ရင် ဒီလို အရမ်းမတောက်တဲ့ လိမ္မော်လေးဆိုးကြည့်ပါ။

ဒီလို Peach အရောင်လေးကတော့ နူးညံ့တဲ့လက်လေးနဲ့အရမ်းလိုက်ပါတယ်။

အရောင်တောက်တောက်လိမ္မော်ရောင်ကို ဒီလိုပန်းလေးတွေရောပြီး ပုံဖော်တာကလည်း တမျိးလေးလှပါတယ်။

လိမ္မော်ရောင်ကိုမှ အလယ်ကဒီလိုအနီဖောက်ထားတာကလည်း နွေရာသီ နေဝင်ချိန်လေးလို လှနေပါတယ်။

နွေရာသီ Manicure ကိုစဉ်းစားနေရင် ဒီလိုလေးဆိုးကြည့်ပါ။

လိမ္မော်ရောင်နဲ့ ပန်းရောင်ကို အတူတူရောပြီး ဒီလိုဆိုးတာကလည်း ဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ရှင်းရှင်းလေးကြိုက်ရင် လက်သည်းအကြည်လေးပေါ်မှာ ဒီလိုလေး ပုံဖော်လို့ရပါတယ်။

ဒါမှမဟုတ် အပြည့်မဆိုးဘဲ ဒီလိုပန်းလေးတွေနဲ့တွဲဆိုးကြည့်ပါ။