ဆံပင်အရှည်ထားရင် အမျိုးမျိုးပြင်ဆင်လို့ အရမ်းကောင်းပါတယ်။ ဒါကြောင့် ဆံပင်ကို အမြဲတမ်းချထားတာမျိုး၊ စည်းထားတာမျိုးပဲ မလုပ်ပါနဲ့။ တစ်မျိုးပြီးတစ်မျိုးပြင်ကြည့်ပါ။ ဆံပင်အရှည်ကို အမျိုးမျိုးလှလှပပလေး ပြင်ဆင်ကြည့်လို့ရအောင် ဆံပင်အရှည်နဲ့ကောင်မလေးတွေ ပြင်ဆင်ကြည့်သင့်တဲ့ Hairstyle လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကလစ်သေးသေးလေးတွေကို အများကြီးတပ်ပြီး ဒီလိုမျိုးပြင်ထားတာဆိုရင် လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။ ဆံပင်ရှည်ရင် ပိုပြီးပြင်လို့လှပါတယ်။

အခုနောက်ပိုင်းမှာ ဖဲကြိုးလေးတွေ၊ ဖဲပြားကလစ်လေးတွေက ခေတ်စားနေတာဆိုတော့ ဆံပင်အရှည်နဲ့ ကောင်မလေးတွေက ဒီလိုလေးလည်း ပြင်ကြည့်နော်။ ပူအိုက်တာသက်သာပြီး လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းနေမှာပါ။

Jennie ရဲ့ ဒီ Hairstyle လေးဆိုလည်း ဆံပင်အရှည်နဲ့ကောင်မလေးတွေ ပြင်ကြည့်သင့်ပါတယ်။ ရှင်းရှင်းလေးနဲ့လှပါတယ်။ ဆံပင်ကို ချထားရတာပဲကြိုက်တယ်ဆိုရင် ပြင်ကြည့်နော်။

ဆံပင်ကိုတစ်ဝက်စည်းမယ်ဆိုရင် ရိုးရိုးမစည်းပဲ ဒီလိုမျိုး အမြင့်ကြီးရအောင် စည်းကြည့်ပါ။ ပိုလှပါတယ်။ ဆံပင်ရှည်ရင် ပိုတောင်လှပါသေးတယ်။

ကျစ်ဆံမြီးကျစ်ရတာကြိုက်တယ်၊ ဆံပင်လည်းရှည်တယ်ဆိုရင်တော့ ဒီ Hairstyle လေးကို သေချာပေါက်ပြင်ကြည့်နော်။ ဆန်းသစ်တဲ့ Hairstyle လေးနဲ့ လှနေမှာသေချာပါတယ်။

ရာသီဥတုပူတဲ့အခါ ဆံပင်ကိုနှစ်ဖက်ခွဲပြီး ဒီလိုလေးလည်း ပြင်ကြည့်ပါ။ ဆံပင်ရှည်မှ ပြင်ဆင်လို့ကောင်းတဲ့ Hairstyle လေးမို့ Try ကြည့်နော်။

ဆံပင်ဖားလျားချပြီး ကျစ်ဆံမြီးကျစ်ထားတာကိုမှ ကလစ်ကို တစ်ဖက်နဲ့တစ်ဖက်မတူအောင် ဖဲပြားကလစ်ကို အပေါ်အောက်တပ်ထားတာလေးက အသက်ပါပဲ။ ပိုပြီးအမြင်ဆန်းသွားစေပါတယ်။

ဆံပင်ရှည်ရင် ဒီ Hairstyle လေးကိုလည်း ပြင်ကြည့်ပါ။ ကပိုကယိုလေးနဲ့ အရမ်းလှပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ဆို ပိုပြီးလှနေမှာပါ။

ဆံပင်ရှည်တဲ့ကောင်မလေးတွေ တစ်ခါလောက်တော့ ပြင်ဆင်ကြည့်သင့်တဲ့ Hairstyle လေးပါ။ အရမ်းလှတဲ့ Hairstyle လေးဖြစ်လို့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်သလို ပွဲတက်အနေနဲ့လည်း ပြင်ဆင်လို့ကောင်းတဲ့ Hairstyle လေးပါ။

ဆံပင်အရှည်ကြီးကိုမှ ကောက်ထားရင် Won-young ရဲ့ ဒီ Hairstyle လေးကိုသာ ပြင်ကြည့်လိုက်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။ ပွဲတက်အတွက်ဆိုလည်း အဆင်ပြေတဲ့ Hairstyle လှလှလေး ဖြစ်ပါတယ်။