နေလောင်ဒဏ်ခံစားခဲ့ရသူတွေ၊ အရေပြားပူလောင်မှု ဖြစ်ခဲ့သူတွေနဲ့ အေးတဲ့အထိအတွေ့ကို ခံစားလိုသူတွေအတွက် အိမ်တွင်းကုထုံးတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

အရမ်းကြီးလည်းမခက်ဘဲ ရှာရလွယ်ကူတဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရမှာဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို မကြိုက်ကြတဲ့သူတို့အတွက်တော့ အဆင်ပြေမှာပါ။

အာလူး

ခပ်ပါးပါးလှီးထားတဲ့ အာလူးပြားလေးတွေကို နေလောင်ဒဏ်မိထားတဲ့နေရာတွေကို ထပ်ဖြည်းဖြည်းပွတ်ပေးရုံနဲ့ အေးမြတဲ့ ခံစားမှုနဲ့အတူ နေလောင်ဒဏ်တွေကိုလည်း သက်သာစေပါတယ်။

လက်ဖက်စိမ်း

တစ်နေ့ကို လက်ဖက်စိမ်းရည် ၂ ခွက်သောက်သုံးတာက နေရောင်ကာလိမ်းဆေးလိမ်းသလို အာနိသင်ရှိပါတယ်။ လက်ဖက်အိတ်လေးတွေကို ရေအေးထဲမှာစိမ်ပြီး နေလောင်တဲ့ နေရာတွေမှာ တင်ပေးရင်လည်း သက်သာစေပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးလေးတွေကို ကြိတ်ချေပြီး နေလောင်ထားတဲ့ နေရာတွေပေါ်မှာ အုံပေးထားတာက မိနစ်အနည်းငယ်ကြာမှ ရေဆေးချလိုက်ရုံနဲ့ နေလောင်ဒဏ်တွေ သက်သာသွားပါလိမ့်မယ်။

သခွားသီး

နေလောင်ထားတဲ့ အသားအရေပေါ်မှာ သခွားသီးကို အကွင်းလိုက်ကပ်လိုက်ရင်လည်း အသားအရေကို အေးမြစေပါတယ်။ နေလောင်ထားတဲ့ ဒဏ်တွေလည်း သက်သာသွားပါလိမ့်မယ်။