မျက်ကွင်းညိုရတဲ့ အဓိကအကြောင်းအရင်းကတော့ အိပ်ရေးကောင်းကောင်း မဝနေတာကြောင့်ပဲဖြစ်ပါတယ်။ ညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်မပျော်တာတွေ၊ အိပ်ယာဝင်နောက်ကျတတ်တာတွေကြောင့် မျက်ကွင်းတွေလည်းညိုပြီပေါ့။ မျက်ကွင်းတွေညိုပြီဆိုရင် ဘယ်လောက်ပဲမိတ်ကပ်တွေနဲ့ဖုံးဖုံး ကြည့်ရတာဆိုနေစေတာတော့ အမှန်ပါပဲ။ ဒါကြောင့် မျက်ကွင်းညိုတာမျိုးတွေ မဖြစ်ရအောင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ရေများများသောက်တဲ့အကျင့်က သင့်မျက်နှာမှာဖြစ်နေတဲ့ မျက်ကွင်းညိုတာတွေကို လျော့နည်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ရေများများသောက်လေ မျက်ကွင်းညိုတာ လျော့နည်းလေးပဲဖြစ်ပါတယ်နော်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစွာရှိနေမှလည်း အသားအရေအတွက် အကျိုးကျေးဇူးတွေရရှိစေမှာပေါ့။

ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ ကြိုးစားကြည့်ပါ။ မျက်ကွင်းညိုတာရဲ့အဓိက အကြောင်းအရင်းကတော့ ညဘက်တွေမှာကောင်းကောင်း အိပ်မပျော်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာကောင်းကောင်း အိပ်ပျော်နိုင်ဖို့ကြိုးစားပြီး နေတာကအကောင်းဆုံးဖြစ်မှာပါ။

သခွားသီးနဲ့ ခရမ်းချဉ်သီးတွေမှာက ရေဓာတ်ပါဝင်မှုများပြားနေတာကြောင့် အကွင်းလေးတွေလှီးပြီး မျက်လုံးမှာကပ်ထားပေးရင်လည်း သင့်မျက်လုံးမှာဖြစ်နေတဲ့ မျက်ကွင်းညိုတာတွေကို လျော့နည်းလာမှာပဲဖြစ်ပါတယ်။

ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲမှာထည့်ထားပြီး အေးလာတဲ့အချိန်မှာ သင့်မျက်လုံးတွေပေါ်မှာ အုပ်ပြီးတင်ပေးမယ်ဆိုရင်လည်း မျက်ကွင်းညိုတာတွေကို သက်သာလာစေမှာပါ။

ညဘက်အိပ်ခါနီးအချိန်မှာ ဘယ်လောက်ပဲပင်ပန်းနေပါစေ မိတ်ကပ်ဖျက်ဖို့ကိုတော့ မပျင်းသင့်ဘူးနော်။ မိတ်ကပ်တွေကိုမဖျက်ပဲ အိပ်လိုက်တဲ့အခါမှာ မိတ်ကပ်အကြွင်းကျန်တွေက ချွေးပေါက်ထဲကိုဝင်သွားစေပြီး မနက်နိုးလာတဲ့အခါမှာလည်း မျက်နှာကိုညစ်ညစ်နွမ်းနွမ်းနဲ့ပဲ နိုးထလာရတော့မှာပေါ့။

မျက်နှာမှာ မျက်ကွင်းညိုရတဲ့ အဓိကပြဿနာက အိပ်ရေးပျက်တာတွေကြောင့်ဖြစ်ပြီး အိပ်ရေးကောင်းကောင်းဝအောင် အိပ်ပေးလိုက်ရင်တော့ ပြန်လည်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်လုပ်ကြည့်ပြီး ပြင်ဆင်ဂရုစိုက်ပေးမယ်ဆိုရင်တော့ မျက်ကွင်းညိုတာတွေကို ပြန်လည်သက်သာလာစေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels