သဘာဝတရားအရ ဇရာကြောင့် တဖြည်းဖြည်း အိုမင်းရင့်ရော်လာမှာဖြစ်ပြီး ပါးရေတွန့်ခြင်းနှင့် အရေးအကြောင်း များသည်လည်း တစ်စထက်တစ်စ ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။

ပါးရေတွန့်ခြင်းနှင့် အရေးအကြောင်းများ ဖြစ်ပေါ်နေတတ်တဲ့ မျက်နှာကို တစ်ဖန်ပြန်လည် ငယ်ရွယ်နုပျိုသွားအောင် ပြုလုပ်ပေးမယ့် သဘာဝနည်းလမ်းကောင်းများ ရှိပါတယ်။

ငှက်ပျောသီး အသုံးပြုပါ

အရင်ဦးဆုံး ငှက်ပျောသီးတစ်လုံးရဲ့ လေးပုံတစ်ပုံခန့်ကို အနှစ်များဖြစ်သွားအောင် ချေမွပေးလိုက်ပါ။ ထို့နောက် မျက်နှာအသားအရေပေါ်မှာ ခပ်ပါးပါးလေး သုတ်လိမ်းပေးလိုက်ပါ။

၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ထိ ပေါင်းတင်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်လို့ ရပါပြီ။

စူပါအစားအစာများ စားသုံးပါ

ထောပတ်သီး၊ အုတ်ဂျုံ၊ ငါးသေတ္တာ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကြက်ဥအကာ၊ သစ်ကြမ်းပိုးခေါက်၊ အခွံမာသီးနှင့် အစေ့အဆံများ၊ ဂျင်း တို့ကို များများမှီဝဲစားသုံးပါက အရေးအကြောင်းများ ယူပစ်သလို ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

ကြက်ဥအကာဖြင့်လည်း ပေါင်းတင်နိုင်ပါတယ်

ကြက်ဥအကာသည် အရေပြားရဲ့အတွင်းထဲအထိ စိမ့်ဝင်နိုင်တဲ့အတွက်ကြောင့် အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ သို့သော် ကြက်ဥနဲ့ ဓာတ်မတည့်သူများကတော့ ဒီပေါင်းတင်နည်းကို ရှောင်ကြဉ်သင့်ပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။ ကြက်ဥတစ်လုံးကို အကာနှင့် အနှစ် သပ်သပ်စီ ခွဲလိုက်ပါ။ ထို့နောက် ကြက်ဥအကာနှင့် ကြက်ဥအခွံမှာ ကပ်နေတဲ့ အကာအမြှေးပါးလေးများကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ရပါမယ်။