ဖက်ရှင်ရေစီးကြောင်းကို အမြဲတကျော့ပြန်စီးဆင်းနေတယ်ဆိုတာ တကယ်မှန်တဲ့စကားပါနော်။ ဘာလို့လဲဆိုရင် အခုလိုမျိုး ခေတ်ကြီးက အစစအရာရာ တိုးတက်နေတယ်ဆိုပေမယ့် အရင်ခေတ်တုန်းက အသုံးအဆောင်ပစ္စည်းတွေ၊ ဖက်ရှင်တွေက ပြန်ပြီးပေါ်ပေါက်လာတာကို မြင်တွေ့ရမှာပါ။ အခုတစ်ခါမှာလည်း တကျော့ပြန်ခေတ်စားလာတဲ့ 90s တုန်းက ဆံပင်စတိုင်လ်တွေကို ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

ခေါင်းစည်းကြိုးများ

ခေါင်းစည်းကြိုးတွေက Ponytail ပုံစံပဲ စည်းတာမျိုးမဟုတ်ဘဲ အခုပုံမှာ ပြထားသလိုမျိုး ခေါင်းစည်းကြိုးလေးနဲ့ တစ်ဝက်ထုံးပြီးတော့လည်း ပြင်ဆင်နိုင်ပါတယ်။

ကလစ်များ

90s တုန်းက ခေတ်စားခဲ့တဲ့ ဒီပုံစံလေး ရရှိဖို့အတွက်က ကလစ်လေးတွေပဲ လိုအပ်ပါတယ်နော်။

သဘာဝဆန်ဆန်

ဒီဆံပင်ပုံစံကလည်း 90s တုန်းက လူကြိုက်များခဲ့တဲ့ ဆံပင်ပုံစံပါပဲ။

အရှေ့ဆံမြိတ်ကို ဘေးခွဲပုံစံ

90s ဆံပင်စတိုင်လ်တွေလို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်ကြမယ့် ပုံစံတွေထဲမှာ သူလည်း ထိပ်ဆုံးက ပါနေပါတယ်။

Baby Spice pigtails

၁၉၉၉ ခုနှစ်တုန်းက Spice Girls အဖွဲ့ဝင် Emma Bunton ရဲ့ ဆံပင်ပုံစံဖြစ်ပြီး တအားခေတ်ထသွားခဲ့ပါသေးတယ်။

High ponytail

Ponytail ကတော့ ခေတ်တွေ ဘယ်လောက်ပြောင်းသွား ပြောင်းသွား အမျိုးသမီးတွေ အမြဲပြင်နေကျ ဆံပင်ပုံစံတစ်ခုဆိုလည်း မမှားပါဘူး။

Wispy updo

Image Source: cosmopolitan