နောက်ပိုင်းမှာတော့ Full Makeup Look တွေထက် ရှင်းရှင်းလေးနဲ့လှတာမျိုးတွေက မိန်းကလေးတွေကြားမှာ ပိုပြီးရေပန်းစားလာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ရှင်းရှင်းလေးနဲ့လှတဲ့ Fresh & Light Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးက ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကို သုံးပေးပါ။

အညိုကိုမှ နည်းနည်းလိမ္မော်ဖောက်တဲ့ Pencil Eyeliner ကိုသုံးပြီးတော့ ပုံမှာဆွဲပြထားသလို Eyeliner Line ဆွဲပါမယ်။ ပြီးရင် ဂွမ်းတံလေးနဲ့ Blend လုပ်ပေးပါ။

မျက်လုံးအောက်နားကိုနည်း နည်းနည်းဆွဲပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

နောက်တစ်ဆင့်အနေနဲ့ Foundation လိမ်းပါမယ်။ Foundation ကို လက်နဲ့ပွတ်ဆွဲပြီးလိမ်းတာမျိုး မလုပ်ပါနဲ့။

ဒီအဆင့်မှာတော့ နှာတံဖော်ပါမယ်။

ပါးနီကို လိမ္မော်ရောင်ဘက်သွားတာလေး ခြယ်ပါမယ်။

အသားရောင် Highlighter ကို နှာတံနေရာလေးမှာ နည်းနည်းခြယ်ပါမယ်။

နှုတ်ခမ်းနီမဆိုးပဲနဲ့ Color Lip Balm ပဲဆိုးမှာပါ။ အရင်ဆုံး နှုတ်ခမ်းကို Lip Liner နဲ့ အရင်ပုံဖော်ပါမယ်။ ပြီးမှ Lip Balm ဆိုးပါမယ်။ နောက်ဆုံးမှာမှ Color Lip Balm ကို ထပ်ဆိုးပါမယ်။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့လှတဲ့ Fresh & Light Makeup Look လေးကို ရရှိသွားပါပြီ။ ဒီ Makeup Look လေးက အရမ်းကိုရိုးရှင်းပြီး ကြည့်လိုက်တာနဲ့ ရှင်းရှင်းလေးနဲ့ Fresh ဖြစ်နေစေမှာပါ။ ထသွားထလာလည်း အဆင်ပြေသလို နေ့တိုင်းပေါ့ပေါ့ပါးပါး ပြင်ဆင်မယ်ဆိုလည်း အရမ်းအဆင်ပြေတဲ့ Look လေးဖြစ်ပါတယ်။