လက်သည်းအရှည်ကြီးကိုမှ Almond Shape ထားထားတဲ့ ကောင်မလေးတွေအတွက် လှပဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မြင်နေကျနဲ့လုံးဝမတူတဲ့ ဒီဇိုင်းမျိုးတွေဖြစ်လို့ အသစ်အဆန်းလုပ်ချင်တဲ့သူတွေ ပိုသဘောကျမယ်လို့ ထင်ပါတယ်။ Almond Shape ကိုမှ လက်သည်းအရှည်ကြီးဆိုတော့ ပိုပြီးတော့လည်း ပုံဖော်လို့ကောင်းပါတယ်။

လိပ်ပြာဒီဇိုင်းကြိုက်တဲ့သူတွေအတွက် မြင်နေကျထက် ပိုဆန်းနေစေမယ့် ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

အထာကျကျနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ Almond Shape လက်သည်းအရှည်ကြီးတွေမှာ ပုံဖော်ကြည့်သင့်ပါတယ်။

ပန်းရောင်နုနုကြိုက်တဲ့ ကောင်မလေးတွေအတွက် လှပဆန်းသစ်တဲ့ နောက်ထပ် လက်သည်းဒီဇိုင်းလေးပါ။ တစ်ချောင်းချင်းစီမှာ ပုံဖော်ထားတဲ့ ဒီဇိုင်းတိုင်းက ဆန်းသစ်ပြီးလှနေတာပါ။

ပန်းရောင်နုနုကြိုက်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ လှပဆန်းသစ်ပြီး မိန်းကလေးဆန်ပါတယ်။

ကျောက်ကပ်တဲ့ဒီဇိုင်းမျိုးကြိုက်တဲ့ ကောင်မလေးတွေအတွက် မြင်နေကျနဲ့မတူပဲ လှပဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ လှနေတာပါပဲ။

Ribbon ဒီဇိုင်းလေးတွေ ခေတ်စားနေတဲ့အချိန်မှာ Almond Shape လက်သည်းအရှည်ကြီးတွေက ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလည်းလှပါတယ်။

ကျောက်ကပ်ရတာအပြင် တခြား accessories တွေလည်း ကပ်ရတာကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ တစ်ချောင်းနဲ့တစ်ချောင်းမတူတဲ့ ဒီဇိုင်းအဆန်းတွေနဲ့ အရမ်းလှပါတယ်။

 

ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေ ပိုသဘောကျမှာပါ။ ချစ်ဖို့လည်းကောင်းသလို ဒီဇိုင်းကလည်းဆန်းပါတယ်။

အရောင်တောက်တောက်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်ဖို့အတွက် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းဆန်းပြီး ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေတာမျိုးပါ။

အရောင်ရောဒီဇိုင်းရော ဆန်းပြီး အရမ်းလှတဲ့ နောက်ထပ် လက်သည်းဒီဇိုင်းလေးပါ။ ရုပ်ပုံတွေဆွဲပြီး ဒီဇိုင်းဖော်တာမျိုးမကြိုက်ရင် ဒီလိုလက်သည်းဒီဇိုင်းလေးကို try ကြည့်လိုက်နော်။