မျက်ခုံးမွှေးသိပ်မရှိလို့ မျက်ခုံးမွှေးပေါက်ချင်တယ်၊ အရင်ထက်ပိုပြီး မျက်ခုံးမွှေးထူချင်တယ်ဆိုတဲ့ သူတွေအတွက် မျက်ခုံးမွှေးထူလာအောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံး အိမ်တွင်းဖြစ်နည်းလမ်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။

အုန်းဆီ

အုန်းဆီက hair grow အတွက် အရမ်းကောင်းပါတယ်။ ဆံသားအတွက်တင်မဟုတ်ပဲ မျက်ခုံးမွှေးအတွက်လည်း ကောင်းပါတယ်။ အုန်းဆီအနည်းငယ်ကိုယူပြီး မျက်ခုံးမွှေးပေါ်ကိုလိမ်းပြီး စက်ဝိုင်းပုံစံအတိုင်း နှိပ်နယ်ပေးရပါမယ်။ ညဘက်မှာလိမ်းပြီး တစ်ညလုံးထားကာ နောက်နေ့မနက်ကျမှ မျက်နှာသစ်လိုက်ပါ။

သံလွင်ဆီ

သံလွင်ဆီလိမ်းပေးခြင်းက ဆံပင်နဲ့ မျက်ခုံးမွှေးပေါက်စေဖို့ အထောက်အကူပြုပါတယ်။ သံလွင်ဆီကို မျက်ခုံးမွှေးမှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ ပြီးရင်တစ်ညထားပြီး နောက်နေ့မနက်မှ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးရင် မျက်ခုံးမွှေးထူလာစေပါတယ်။

Peppermint Oil

Peppermint Oil က သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားနဲ့ မျက်ခုံးမွှေး ပေါက်စေပါတယ်။ Peppermint Oil အနည်းငယ်ကိုယူပြီး မျက်ခုံးမွှေးကို စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်ပေးရပါမယ်။ တစ်ညလုံးထားပြီး နောက်နေ့မနက်မှ မျက်နှာသစ်ပေးပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်က ဆံပင်ကြီးထွားမှုကို အထောက်အကူပြုပြီး ဆံပင်နဲ့ မွေးညင်းပေါက် အားကောင်းစေတဲ့ အာနိသင်တွေ ပါရှိပါတယ်။ ရှားစောင်းလက်ပတ်အပင်က ရှားစားလက်ပတ်ကို လှီးယူပြီး အတွင်းသားဂျယ်လ်ကိုယူကာ အုန်းဆီအနည်းငယ်နဲ့ရောပြီး မျက်ခုံးမွှေးကို လိမ်းပေးရမှာပါ။ ပြီးရင် ခဏထားပြီးမှ ရေဆေးချပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်ခုံးမွှေးထူပြီးသန်လာမှာပါ။

Rosemary Oil

 

Rosemary Essential Oil က ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးပြီး မွေးညင်းပေါက်များကိုလည်း သန်လာစေပါတယ်။ ဒါကြောင့် မျက်ခုံးထူထူလေးရချင်ရင် သုံးသင့်တာပါ။ Rosemary Oil ကို အုန်းဆီနဲ့ ရောစပ်ပြီး ညဘက်မှာ မျက်ခုံးမွှေးပေါ်လိမ်းပေးပြီး နောက်နေ့မှ မျက်နှာသစ်လိုက်ရုံပါပဲ။

Lavender Oil

Lavender Oil က မျက်ခုံးမွှေးထူစေပြီး သန်လာအောင် ကူညီပေးနိုင်ပါတယ်။ Lavender Oil အနည်းငယ်ကိုယူပြီး မျက်ခုံးမွှေးပေါ် ညင်သာစွာလိမ်းပြီးနှိပ်နယ်ပေးပါ။ ပြီးရင် ချက်ချင်းရေမဆေးချပဲ တစ်ညထားပြီး မနက်မှ မျက်နှာသစ်ပါ။

ကြက်သွန်နီ

ကြက်သွန်နီက ဆံပင်ကြီးထွားမှုကို အားပေးပါတယ်။ ဒါကြောင့်လည်း မျက်ခုံးအတွက်သုံးရင် မျက်ခုံးမွှေးသန်ပြီး ထူလာစေပါတယ်။ ကြက်သွန်နီဖျော်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး မျက်ခုံးမွေးနေရာအနှံ့ လိမ်းပေးပါ။ ပြီးရင် နာရီပိုင်းလောက်ထားပြီး ရေနဲ့သေချာပြန်သန့်စင်လိုက်ပါ။

မမှည့်သေးတဲ့ငှက်ပျောသီး

မမှည့်သေးတဲ့ငှက်ပျောသီးက ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးပြီး မျက်ခုံးမွှေးထူစေပါတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးကို အခွံခွာပြီး ငှက်ပျောသီးကို ညက်အောင် ထောင်းပါ။ ပြီးရင် ပျားရည်နဲ့ရောပြီး မျက်ခုံးမွှေးကို လိမ်းပေးပါ။ အချိန်ခဏထားပြီးမှသာ ရေနဲ့ဆေးချပါ။ ပုံမှန်လုပ်ပေးရင် မျက်ခုံးမွှေးထူလာပါလိမ့်မယ်။