မင်္ဂလာပါနော်။ တိုင်းရင်းသူ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး လီဆူတိုင်းရင်းသူလေး ဖြစ်တဲ့ ခင်လေးနွယ်ကို အားလုံး ရင်းနှီးကြမယ်လို့ထင်ပါတယ်။
အခုလက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နားထားတယ်ဆိုပေမယ့် သူမရဲ့ စီးပွားလုပ်ငန်းကို လုပ်ကိုင်နေသလို ဖက်ရှင်နဲ့ ပတ်သက်တာ၊ ပန်းထိုးတာ၊ ကိတ်လုပ်တာ စတာတွေကိုလည်း သင်ယူနေပါတယ်။
ဒါ့အပြင် ပွဲတွေမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။
လီဆူတိုင်းရင်းသူလေး ဖြစ်သလို မိမိရဲ့ ရိုးရာဝတ်စုံကိုလည်း အမြတ်တနိုး ဝတ်ဆင်လေ့ရှိသူပါ။
သူမဝတ်ဆင်ခဲ့တဲ့ လီဆူတိုင်းရင်းသားဝတ်စုံ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Photo: Khin Lay Nwe Facebook Page