မိတ်ကပ်ကြိုက်တဲ့ မိန်းကလေးတွေကတော့ Concealer ကိုသိကြမှာပါနော်။ Concealer ကိုမသိသေးတဲ့သူတွေအတွက် ဘယ်လိုနေရာတွေမှာ အသုံးပြုလို့၇တယ်ဆိုတာကို မျှဝေပေးလိုက်ချင်ပါတယ်။

Concealer ဆိုတာကတော့ မျက်နှာပေါ်က အမည်းစက်တွေ၊ အပြစ်အနာဆာတွေကို ဖုန်းပေးတဲ့ မိတ်ကပ်ပစ္စည်းတမျိုးပါ။ အဓိကအားဖြင့် မျက်ကွင်းညိုတာအတွက်သုံးကြပေမယ့် ဒီထက်လည်း အများကြီးအသုံးပြုလို့ရပါသေးတယ်နော်။

ဖောင်ဒေးရှင်းအရင်လိမ်းပြီးမှလိမ်းမယ်

Concealer မလိမ်းခင်မှာ မိတ်ကပ်ဖောင်ဒေးရှင်းးကို အရင်လိမ်းထားပါ။ ဒါမှ Concealer လိမ်းလို့အဆင်ပြေစေမှာဖြစ်ပြီး တာရှည်လည်းခံမှာဖြစ်ပါတယ်။

မျက်ကွင်းညိုတာအတွက်သုံးမယ်

Concealer ကို မျက်ကွင်းညိုတာ သက်သာဖို့ လိမ်းရာမှာ အများကြီးစုပြီးမလိမ်းဘဲ အချောင်းလေးတွေ ခြစ်ချပြီးမှ လိမ်းပေးပါ။ ပြီးရင် ပြန်ပြီး Blend လုပ်ပေးလိုက်ပါ။

ဝက်ခြံဖုံးမယ်

Concealer ကိုဝက်ခြံဖုံးဖိုပအတွက်လည်း သုံးနိုင်ပါတယ်။ သင့်အသားအရေနဲ့ လိုက်ဖက်တဲ့ Concealer ကို ရွေးချယ်ပြီး ဝက်ခြံပေါ်မှာလိမ်းလိုက်ပါ။ ပြီးရင်သေချာလေး Blend ပြန်လုပ်ပေးပါ။

မျက်လုံးကို ပိုအရောင်တောက်စေဖို့

မျက်လုံးကိုပိုပြီးအရောင်တောင်စေဖို့ ပိုပြီးထင်းစေဖို့အတွက် မျက်ခုံးမွှေးအောက်နဲ့ မျက်ရစ်နားမှာ လိမ်းပေးလိုက်လို့ရပါတယ်။ပြီးရင် Blend လုပ်ပေးလိုက်ပါ။

မျက်ကွင်းညိုတာအတွက် လိမ္မော်ရောင်ဖက် (သို့) အဝါရောင်ဖက်သန်းတာကို သုံးပါ

မျက်ကွင်းညိုတာ ဖုံးဖို့အတွက် လိမ္မော်ရောင်ဖက် (သို့) အဝါရောင်ဖက်သန်းတဲ့ Concealer ကိုသုံးပေးပြီး လက်လေးနဲ့ ခပ်ဖွဖွလေး ပြန်ပုပ်ပေးလိုက်ပါ။