[Zawgyi]

မိန္းကေလးတစ္ေယာက္အတြက္ လက္သည္းေလးေတြလွပေနဖို႔ကလည္း လိုအပ္တဲ့အရာတစ္ခုပဲေပါ့။ လွပတဲ့လက္ေခ်ာင္းေလးေတြကို ပိုၿပီးလွေအာင္ အေရာင္ေလးေတြျခယ္သတတ္တာကလည္း မိန္းကေလးတိုင္းရဲ႕ ဝါသနာတစ္ခုပါ။ ေျခသည္းေလးေတြကလည္း ထိုနည္းလည္းေကာင္းပဲေပါ႔။ ၾကည္လင္ၿပီးသန္႔စင္ေနတဲ့ ေျခသည္းလက္သည္းေလးေတြက ပိုလွတယ္ဆိုေပမယ္လည္း အေရာင္ေလးေတြနဲ႔က ပိုၾကည့္လို႔ေကာင္းတာေပါ႔။ ေျခသည္းနီလက္သည္းနီဆိုတဲ့အခါမွာ ၾကာရွည္ခံေစဖို႔နည္းလမ္းေကာင္းေတြရွိပါတယ္။

Topcoat ေလးထပ္ထပ္ၿပီးဆိုးေပးပါ

လက္သည္းနီအေရာင္ဆိုးၿပီးသြားတဲ့အခါမွာ အေပၚကေန အၾကည္ေရာင္ Topcoat ကိုဆိုးေပးပါ။ အမ်ားႀကီးနဲ႔အထူႀကီးဆိုးလိုက္ရင္လည္း လက္သည္းနီကေတာ္ေတာ္နဲ႔မေျခာက္ေတာ့တဲ့ ထိမိတာေတြဆိုရင္ၾကည့္လို႔မေကာင္းေတာ့ဘူးေပါ႔။ ဒါေၾကာင့္ ၂ ရက္ေလာက္ဆက္တိုက္ Topcoat ေလးထပ္ၿပီးဆိုးေပးထားလိုက္ရင္ ၾကာရွည္ခံေစမွာပါ။

အစိုဓာတ္ရရွိေနေအာင္ထားပါ

လက္ေတြေျခေထာက္ေတြက အသားအေရေတြေျခာက္ေသြ႔ေနၿပီဆိုရင္ ေျခသည္းေတြကလည္းေျခာက္ေသြ႔ၿပီး ဆိုးထားတဲ့လက္သည္းနီေတြကိုလည္း ၾကာရွည္မခံေစေတာ့ပါဘူး။ ဒ့ါေၾကာင့္ သင့္လက္ေတြေျခေထာက္ေတြကို  Lotion ေလးလိမ္းေပးဖို႔ မေမ႔ပါနဲ႔။

Gel လက္သည္းနီကို စမ္းဆိုးၾကည့္ပါ

အခုေနာက္ပိုင္းမွာ ေခတ္စားလာတဲ့ Gel လက္သည္းနီေတြဟာဆိုရင္လည္း အေရာင္ေလးေတြကအရမ္းလွၿပီး ဆိုးလိုက္ရင္လည္း ေျပာင္ေျပာင္ေလးနဲ႔ဆိုေတာ့ ေတာ္ေတာ္ေလးကို သေဘာက်စရာေကာင္းပါတယ္။ သူက တစ္လေလာက္ၾကာရွည္ခံတယ္ေနာ္။

အရည္အေသြးေကာင္းတဲ့ ပစၥည္းကိုေရြးခ်ယ္ပါ

ေတာ္ေတာ္မ်ားမ်ားက လက္သည္းနီဆိုရင္ ေစ်းေပါတာေတြကိုဝယ္တတ္ၾကပါတယ္။ ဒါက မွန္ကန္တဲ့နည္းလမ္းေတာ့မဟုတ္ဘူးေနာ္။ မေကာင္းတဲ့လက္သည္းနီေတြကို အခ်ိန္ၾကာၾကာဆိုးလာမယ္ဆိုရင္ လက္သည္းပ်က္စီးတာေတြကို ျဖစ္ေစၿပီး အရည္အေသြးမေကာင္းတာေၾကာင့္ ျမန္ျမန္လည္းပ်က္ေစတတ္ပါတယ္။

ကဲ ပ်ိဳေမတို႔ေရ ဒီနည္းလမ္းေတြကေတာ့ လက္သည္းနီကိုၾကာရွည္ခံေစမယ့္ နည္းလမ္းေကာင္းေလးေတြျဖစ္တာေၾကာင့္ လွပတဲ့လက္သည္းေလးေတြကို တန္ဖိုးထားတဲ့ ပ်ိဳေမတိုင္းလိုက္လုပ္ၾကည့္ဖို႔ေတာ့ မေမ႔နဲ႔ေနာ္။

Featured Image Source: jillzander.co.uk

[Unicode]

မိန်းကလေးတစ်ယောက်အတွက် လက်သည်းလေးတွေလှပနေဖို့ကလည်း လိုအပ်တဲ့အရာတစ်ခုပဲပေါ့။ လှပတဲ့လက်ချောင်းလေးတွေကို ပိုပြီးလှအောင် အရောင်လေးတွေခြယ်သတတ်တာကလည်း မိန်းကလေးတိုင်းရဲ့ ဝါသနာတစ်ခုပါ။ ခြေသည်းလေးတွေကလည်း ထိုနည်းလည်းကောင်းပဲပေါ့။ ကြည်လင်ပြီးသန့်စင်နေတဲ့ ခြေသည်းလက်သည်းလေးတွေက ပိုလှတယ်ဆိုပေမယ်လည်း အရောင်လေးတွေနဲ့က ပိုကြည့်လို့ကောင်းတာပေါ့။ ခြေသည်းနီလက်သည်းနီဆိုတဲ့အခါမှာ ကြာရှည်ခံစေဖို့နည်းလမ်းကောင်းတွေရှိပါတယ်။

Topcoat လေးထပ်ထပ်ပြီးဆိုးပေးပါ

လက်သည်းနီအရောင်ဆိုးပြီးသွားတဲ့အခါမှာ အပေါ်ကနေ အကြည်ရောင် Topcoat ကိုဆိုးပေးပါ။ အများကြီးနဲ့အထူကြီးဆိုးလိုက်ရင်လည်း လက်သည်းနီကတော်တော်နဲ့မခြောက်တော့တဲ့ ထိမိတာတွေဆိုရင်ကြည့်လို့မကောင်းတော့ဘူးပေါ့။ ဒါကြောင့် ၂ ရက်လောက်ဆက်တိုက် Topcoat လေးထပ်ပြီးဆိုးပေးထားလိုက်ရင် ကြာရှည်ခံစေမှာပါ။

အစိုဓာတ်ရရှိနေအောင်ထားပါ

လက်တွေခြေထောက်တွေက အသားအရေတွေခြောက်သွေ့နေပြီဆိုရင် ခြေသည်းတွေကလည်းခြောက်သွေ့ပြီး ဆိုးထားတဲ့လက်သည်းနီတွေကိုလည်း ကြာရှည်မခံစေတော့ပါဘူး။ ဒ့ါကြောင့် သင့်လက်တွေခြေထောက်တွေကို  Lotion လေးလိမ်းပေးဖို့ မမေ့ပါနဲ့။

Gel လက်သည်းနီကို စမ်းဆိုးကြည့်ပါ

အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ Gel လက်သည်းနီတွေဟာဆိုရင်လည်း အရောင်လေးတွေကအရမ်းလှပြီး ဆိုးလိုက်ရင်လည်း ပြောင်ပြောင်လေးနဲ့ဆိုတော့ တော်တော်လေးကို သဘောကျစရာကောင်းပါတယ်။ သူက တစ်လလောက်ကြာရှည်ခံတယ်နော်။

အရည်အသွေးကောင်းတဲ့ ပစ္စည်းကိုရွေးချယ်ပါ

တော်တော်များများက လက်သည်းနီဆိုရင် ဈေးပေါတာတွေကိုဝယ်တတ်ကြပါတယ်။ ဒါက မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ဘူးနော်။ မကောင်းတဲ့လက်သည်းနီတွေကို အချိန်ကြာကြာဆိုးလာမယ်ဆိုရင် လက်သည်းပျက်စီးတာတွေကို ဖြစ်စေပြီး အရည်အသွေးမကောင်းတာကြောင့် မြန်မြန်လည်းပျက်စေတတ်ပါတယ်။

ကဲ ပျိုမေတို့ရေ ဒီနည်းလမ်းတွေကတော့ လက်သည်းနီကိုကြာရှည်ခံစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်တာကြောင့် လှပတဲ့လက်သည်းလေးတွေကို တန်ဖိုးထားတဲ့ ပျိုမေတိုင်းလိုက်လုပ်ကြည့်ဖို့တော့ မမေ့နဲ့နော်။

Featured Image Source: jillzander.co.uk