(Unicode Version)

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိရင် နောက်ပိုင်းမှာ အလိုလိုနေရင်းနဲ့ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေဝင်လာပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒီလိုကနေ Depression ဆိုတာဖြစ်လာတာပါပဲ။ ဒါကြောင့် တစ်ခုခုဆို အားငယ်စိတ်မထားပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် အမြဲကြိုးစားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာစေမယ့် နည်းလမ်း (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့်တန်ဖိုးကိုမြှင့်တင်ပါ


ကိုယ်ကဘာကြီးပဲဖြစ်နေပါစေ ကိုယ့်တန်ဖိုးကိုမြှင့်တင်ပြီး အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှ တန်ဖိုးမြှင့်မှလည်း ယုံကြည်မှုဆိုတာ ဖြစ်လာမှာပါ။

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ


အစစအရာရာကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ယုံကြည်မှုရှိအောင် အမြဲကြိုးစားပါ။ ကျန်းမာရေး၊ အလှအပတွေကအစ အမြဲဂရုစိုက်ပြီး ကျန်းမာလှပအောင်နေပါ။ အမြဲစိတ်ခွန်အားဖြစ်စေမယ့်အရာတွေကိုပဲ ရှာဖွေပါ။ စိတ်ညစ်စရာတွေ မတွေးပါနဲ့။

ဝါသနာပါတဲ့နောက်လိုက်ပါ


ကိုယ်ဝါသနာပါတဲ့အရာကိုလုပ်ပါ။ ကိုယ်ဝါသနာပါတာကိုလုပ်ရမှ ပျော်ရွှင်ပြီး အားသွန်ခွန်စိုက်လုပ်နိုင်မယ်။ ပျော်ရွှင်ရမယ်။ ဝါသနာပါတာကို လုပ်နိုင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာမယ်။

လုံ့လဝိရိယရှိပါ


တစ်ခုခုလုပ်တော့မယ်ဆိုရင် လုံ့လဝိရိယထားလုပ်ပါ။ ဒါမှလည်း အောင်မြင်မှာ၊ အောင်မြင်မှလည်း ငါလုပ်နိုင်ပါလားဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ပိုပိုတိုးလာမယ်။

အမြဲပျော်အောင်နေပါ


အမြဲပျော်စရာတွေပဲတွေးပါ။ ပျော်စရာတွေပဲစဉ်းစားပါ။ အမြဲ ပျော်အောင်ကြိုးစားနေထိုင်ပါ။ ဒါမှလည်း ပျော်ရွှင်ပြီး တက်တက်ကြွကြွနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု တဖြေးဖြေးရှိလာမယ်။ စိတ်ညစ်စရာကိုတွေးရင်တော့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပါ ပျောက်လာလိမ့်မယ်။

Photo Source: www.freepik.com

(Zawgyi Version)

ကိုယ့္ကိုယ္ကိုယံုၾကည္မႈမရွိရင္ ေနာက္ပိုင္းမွာ အလိုလိုေနရင္းနဲ႔ သိမ္ငယ္စိတ္၊ အားငယ္စိတ္ေတြဝင္လာၿပီး စိတ္ဓာတ္က်တတ္ပါတယ္။ ဒီလိုကေန Depression ဆိုတာျဖစ္လာတာပါပဲ။ ဒါေၾကာင့္ တစ္ခုခုဆိို အားငယ္စိတ္မထားပဲ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိေအာင္ အၿမဲႀကိဳးစားပါ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိလာေစမယ့္ နည္းလမ္း (၅) မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္။

ကိုယ့္တန္ဖိုးကိုျမွင့္တင္ပါ

ကိုယ္ကဘာႀကီးပဲျဖစ္ေနပါေစ ကိုယ့္တန္ဖိုးကိုျမွင့္တင္ၿပီး အေကာင္းဆံုးေတြျဖစ္ေအာင္ ႀကိဳးစားေနထိုင္ပါ။ ကိုယ့္ကိုယ္ကိုတန္ဖိုးထားပါ။ ကိုယ့္ကိုယ္ကိုတန္ဖိုးထားမွ တန္ဖိုးျမွင့္မွလည္း ယံုၾကည္မႈဆိုတာ ျဖစ္လာမွာပါ။

ကိုယ့္ကိုယ္ကိုဂရုစိုက္ပါ

အစစအရာရာကိုယ့္ကိုယ္ကို ဂရုစိုက္ပါ။ ယံုၾကည္မႈရွိေအာင္ အၿမဲႀကိဳးစားပါ။ က်န္းမာေရး၊ အလွအပေတြကအစ အၿမဲဂရုစိုက္ၿပီး က်န္းမာလွပေအာင္ေနပါ။ အၿမဲစိတ္ခြန္အားျဖစ္ေစမယ့္အရာေတြကိုပဲ ရွာေဖြပါ။ စိတ္ညစ္စရာေတြ မေတြးပါနဲ႔။

ဝါသနာပါတဲ့ေနာက္လိုက္ပါ

ကိုယ္ဝါသနာပါတဲ့အရာကိုလုပ္ပါ။ ကိုယ္ဝါသနာပါတာကိုလုပ္ရမွ ေပ်ာ္ရႊင္ၿပီး အားသြန္ခြန္စိုက္လုပ္ႏိုင္မယ္။ ေပ်ာ္ရႊင္ရမယ္။ ဝါသနာပါတာကို လုပ္ႏိုင္လာတဲ့အခါ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိလာမယ္။

လံု႔လဝိရိယရွိပါ

တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ လံု႔လဝိရိယထားလုပ္ပါ။ ဒါမွလည္း ေအာင္ျမင္မွာ၊ ေအာင္ျမင္မွလည္း ငါလုပ္ႏိုင္ပါလားဆိုတဲ့အေတြးနဲ႔ ကိုယ့္ကိုယ္ကိုယံုၾကည္မႈေတြ ပိုပိုတိုးလာမယ္။

အၿမဲေပ်ာ္ေအာင္ေနပါ

အၿမဲေပ်ာ္စရာေတြပဲေတြးပါ။ ေပ်ာ္စရာေတြပဲစဥ္းစားပါ။ အၿမဲ ေပ်ာ္ေအာင္ႀကိဳးစားေနထုိင္ပါ။ ဒါမွလည္း ေပ်ာ္ရႊင္ၿပီး တက္တက္ၾကြၾကြနဲ႔ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ တေျဖးေျဖးရွိလာမယ္။ စိတ္ညစ္စရာကိုေတြးရင္ေတာ့ စိတ္ဓာတ္က်ၿပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈပါ ေပ်ာက္လာလိမ့္မယ္။

Photo Source: www.freepik.com