(Zawgyi Version)

လူတိုင္းကေတာ့ ပိုက္ဆံစုမယ္လို႔ ေျပာၾကတာပါပဲ။ ဆိုးတာက လက္ေတြ႔မွာ တကယ္မစုျဖစ္ပဲ သံုးတဲ့ထဲပါသြားၾကတာပါ။ ဒါေၾကာင့္ ပိုက္ဆံစုျဖစ္ဖို႔အတြက္ အရင္ဆံုး Motivation ယူပါ။ Motivation ယူၿပီးမွ ပိုက္ဆံစုဖို႔ အေကာင္အထည္စေဖာ္ပါ။

ကိုယ္လိုခ်င္တဲ့အရာ၊ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြကို ခ်ေရးထားပါ

ကိုယ္လိုခ်င္တဲ့ႀကီးႀကီးမားမားအရာေတြ ဥပမာ – ကိုယ့္မွာ အိမ္ပိုင္မရွိေသးရင္ အိမ္ေလးတစ္လံုးေလာက္ လိုခ်င္တာမ်ိဳးေပါ့။ ဒီလို ကိုယ္လိုခ်င္တာေတြကို ခ်ေရးထားမွ ဘာအတြက္ ကိုယ္ပိုက္ဆံစုရမလဲဆိုတဲ့ အသိေလးရလာမွာပါ။ ကိုယ္က သူေ႒းျဖစ္ခ်င္တယ္ဆိုရင္ ပိုက္ဆံမ်ားမ်ားရွာ၊ အလုပ္ႀကိဳးစားၿပီး ပိုက္ဆံစုရပါမယ္။ ဒါေၾကာင့္ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြ အမွန္တကယ္ျဖစ္လာဖို႔ ပိုက္ဆံစုကိုစုရပါမယ္။

ကိုယ့္အနာဂါတ္ကို ေသခ်ာအေလးအနက္ထားၿပီးေတြးၾကည့္ပါ

ကိုယ့္အနာဂါတ္ကိုေတြးၿပီး ပိုက္ဆံစုရမယ္၊ ငါႀကိဳးစားမွျဖစ္မယ္ဆိုတဲ့ အေတြးမ်ိဳးဝင္ေအာင္ တစ္ခါေလာက္ ကိုယ့္ေရွ႔ေရးနဲ႔ ကိုယ့္အနာဂါတ္အတြက္ ေသခ်ာအေလးအနက္ထားၿပီး ေတြးၾကည့္လိုက္ပါ။

စိတ္ရွည္ပါ

ဘယ္အရာကိုပဲလုပ္လုပ္ စိတ္ရွည္မွျဖစ္မွာပါ။ အခုပိုက္ဆံစုလို႔ လပိုင္းေလာက္နဲ႔ ကိုယ္လိုခ်င္တာေတြ၊ ကိုယ္ျဖစ္ခ်င္တာေတြ ျဖစ္လာမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ စိတ္ရွည္ရွည္နဲ႔ ပိုက္ဆံကိုစုပါ။ ပိုက္ဆံတကယ္စုျဖစ္သြားတဲ့အခါ ပမာဏမ်ားလာရင္ ထုတ္သံုးဖို႔ကို ႏွေျမာသြားပါလိမ့္မယ္။

ကိုယ့္ Lifestyle ကို ေျပာင္းလဲလိုက္ပါ

အရင္လို သံုးခ်င္တိုင္းသံုး၊ လိုခ်င္တာျမင္တိုင္းဝယ္ေနလို႔ မရေတာ့ပါဘူး။ ေသခ်ာ Target ထားၿပီး ပိုက္ဆံစုမယ္ဆိုရင္ ကိုယ့္ Lifestyle ကိုပါ ေျပာင္းလိုက္ၿပီး ေသခ်ာစီစစ္၊ ေခၽြတာၿပီး ပိုက္ဆံကို မ်ားမ်ားစုပါ။

Photo Source: www.freepik.com

(Unicode Version)

လူတိုင်းကတော့ ပိုက်ဆံစုမယ်လို့ ပြောကြတာပါပဲ။ ဆိုးတာက လက်တွေ့မှာ တကယ်မစုဖြစ်ပဲ သုံးတဲ့ထဲပါသွားကြတာပါ။ ဒါကြောင့် ပိုက်ဆံစုဖြစ်ဖို့အတွက် အရင်ဆုံး Motivation ယူပါ။ Motivation ယူပြီးမှ ပိုက်ဆံစုဖို့ အကောင်အထည်စဖော်ပါ။

ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ချရေးထားပါ

ကိုယ်လိုချင်တဲ့ကြီးကြီးမားမားအရာတွေ ဥပမာ – ကိုယ့်မှာ အိမ်ပိုင်မရှိသေးရင် အိမ်လေးတစ်လုံးလောက် လိုချင်တာမျိုးပေါ့။ ဒီလို ကိုယ်လိုချင်တာတွေကို ချရေးထားမှ ဘာအတွက် ကိုယ်ပိုက်ဆံစုရမလဲဆိုတဲ့ အသိလေးရလာမှာပါ။ ကိုယ်က သူဋ္ဌေးဖြစ်ချင်တယ်ဆိုရင် ပိုက်ဆံများများရှာ၊ အလုပ်ကြိုးစားပြီး ပိုက်ဆံစုရပါမယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့အရာတွေ အမှန်တကယ်ဖြစ်လာဖို့ ပိုက်ဆံစုကိုစုရပါမယ်။

ကိုယ့်အနာဂါတ်ကို သေချာအလေးအနက်ထားပြီးတွေးကြည့်ပါ

ကိုယ့်အနာဂါတ်ကိုတွေးပြီး ပိုက်ဆံစုရမယ်၊ ငါကြိုးစားမှဖြစ်မယ်ဆိုတဲ့ အတွေးမျိုးဝင်အောင် တစ်ခါလောက် ကိုယ့်ရှေ့ရေးနဲ့ ကိုယ့်အနာဂါတ်အတွက် သေချာအလေးအနက်ထားပြီး တွေးကြည့်လိုက်ပါ။

စိတ်ရှည်ပါ

ဘယ်အရာကိုပဲလုပ်လုပ် စိတ်ရှည်မှဖြစ်မှာပါ။ အခုပိုက်ဆံစုလို့ လပိုင်းလောက်နဲ့ ကိုယ်လိုချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ပိုက်ဆံကိုစုပါ။ ပိုက်ဆံတကယ်စုဖြစ်သွားတဲ့အခါ ပမာဏများလာရင် ထုတ်သုံးဖို့ကို နှမြောသွားပါလိမ့်မယ်။

ကိုယ့် Lifestyle ကို ပြောင်းလဲလိုက်ပါ

အရင်လို သုံးချင်တိုင်းသုံး၊ လိုချင်တာမြင်တိုင်းဝယ်နေလို့ မရတော့ပါဘူး။ သေချာ Target ထားပြီး ပိုက်ဆံစုမယ်ဆိုရင် ကိုယ့် Lifestyle ကိုပါ ပြောင်းလိုက်ပြီး သေချာစီစစ်၊ ချွေတာပြီး ပိုက်ဆံကို များများစုပါ။

Photo Source: www.freepik.com