တချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အခု အချိန်မှာတော့ သမီးလေးတွေနဲ့အတူ ချစ်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်ကို ချစ်ကြတဲ့ သူတွေရှိလား။ သူတို့ မိသားစုရဲ့ ကြည်နူးစရာ အလှူအကြောင်းကို တင်ဆက်ပေးသွားမှာပါ။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟနဲ့ မောင်ဖြစ်သူ သရုပ်ဆောင် မောင်တို့ကလည်း သာသနာ့ဘောင်ကို ငါးရက်တာ ဝင်ရောက်သွားခဲ့တာပါ။ သာသနာ့ဘောင်ထဲဝင်ခါနီးပုံရိပ်တွေနဲ့ သိမ်ဆင်းလောင်းတဲ့ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ မျှဝေထားခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို ရဟန်းခံတာက နန္ဒာလှိုင်နဲ့ ချစ်ခင်ပွန်း ကိုဇေသီဟတို့ရဲ့ အိမ်ထောင်သက် ၁၀ နှစ်ကျော်မှာ ကိုဇေသီဟက ၇ ကြိမ်မြောက် ရဟန်းခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမြဲတမ်း အလှူဒါနတွေ ပြုလုပ်လေ့ရှိတဲ့ သူတို့ မိသားစုကတော့ ဒီတစ်ခေါက်မှာလည်း အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲ၊  ဝင်းစိန်ဆရာတော်ဘုရားကြီး သက်တော် (၉၀)နှစ်မြောက် မွေးနေ့ပူဇော်ပွဲ၊ ဝင်းစိန်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ပူဇော်ပွဲ၊ ဘုရားအ၀င်လမ်းအရှည်ပေ (၅၇၀၀)၊ အကျယ်(၂၄)ပေ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ စတဲ့ အလှူတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဇေကမ္ဘာမိသားစုရဲ့ အလှူကြီးအဖြစ် ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။