တောင်ကိုးရီးယားနိုင်ငံကို ပလတ်စတစ်ဆာဂျရီ မြို့တော်လို့ ပြောကြပေမယ့် အနုပညာရှင်တွေ ကိုယ်တိုင်ကတော့ မျက်နှာပြုပြင်ထားကြောင်း ဝန်ခံဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ဒီထဲက နာမည်ကျော် အချို့ပဲ သူတို့ လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ကြတာပါ။ ဒီလိုဝန်ခံခဲ့သူတွေက အင်မတန် သတ္တိရှိသူတွေလို့ ပြောလို့ရပြီး သူတို့ ဘယ်နေရာမှာ ဘယ်လိုပြုပြင်ခဲ့ကြောင်း ယုံကြည်မှု ရှိရှိ ချပြခဲ့ကြပါတယ်။ ဘယ်သူတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

Jessi

သူမက Happy Together အစီအစဉ်မှာ ရင်သားခွဲစိတ်မှု လုပ်ခဲ့ဖူးကြောင်း ပြောပြခဲ့တာပါ။ ဒါအတွက် ငွေကုန်ကြေးကျခံပြီး လုပ်ခဲ့ရတာမို့ သူများ ပြောတာတွေ ကြောက်ပြီး ဘာသိုဝှက်ထားစရာရှိလဲလို့ Jessi က ပြောခဲ့ပါတယ်။ သူမက မျက်ရစ် ခွဲစိတ်မှုနဲ့ နှာခေါင်းခွဲစိတ်မှုလည်း လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Minzy

Minzy က သီချင်းဆိုတဲ့အခါ အသက်ရှူရ ပြဿနာရှိတာကြောင့် Surgery လုပ်ဖို့ လိုခဲ့တာပါ။ သူမက နှာခေါင်းပြုပြင်ခဲ့တယ်လို့ ပြောပြထားပါတယ်။

Park Min Young

Sungkyunkwan Scandal ဇာတ်လမ်းနဲ့ နာမည်ရလာပြီးနောက်မှာ Park Min Young ရဲ့ ကျောင်းတုန်းက ပုံအဟောင်းတွေက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုတွေ ထွက်လာခဲ့ပြီးနောက်မှာတော့ မင်းသမီး Park Min Young က မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်မှု လုပ်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Ze:A အဖွဲ့ဝင် Hwang Kwanghee

Idol နဲ့ MC တစ်ယောက်ဖြစ်တဲ့ Kwanghee က မျက်လုံး၊ နှာခေါင်း၊ မေးစေ့နဲ့ နဖူးတို့ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်လို့ ရိုးရိုးသားသား ဝန်ခံထားပါတယ်။

Brown Eyed Girls အဖွဲ့ဝင် Narsha

Narsha က ပလတ်စတစ် ဆာဂျရီလုပ်ပြီးနောက် ပိုလှလာပြီး ပိုပျော်ရွှင်လာကြောင်း ပြောပြခဲ့ပါတယ်။ Celebrity တစ်ယောက်ဖြစ်လာပြီဆိုရင် လူတွေက အပြင်ပိုင်း အလှကိုပဲ ဦးစားပေးတာမို့ ပလတ်စတစ် ဆာဂျရီလုပ်တာ အပြစ်မဟုတ်ဘူးလို့ Narsha က ပြောပြထားပါတယ်။

T-Ara အဖွဲ့ဝင် Hyomin

Hyomin က ပလတ်စတစ် ဆာဂျရီလုပ်ခဲ့တယ်လို့ ပြောခဲ့ပြီး လုပ်ခဲ့တဲ့ အစိတ်အပိုင်း နေရာအတိအကျကိုတော့ မဖွင့်ဟထားပါဘူး။

Momoland အဖွဲ့ဝင် JooE

JooE က နှာခေါင်းခွဲစိတ်ခဲ့တာဖြစ်ပြီး ဒါကို Ninth Grade မှာ လုပ်ခဲ့တာပါတဲ့။

Song Ji Ah

Single’s Inferno နဲ့ နာမည်ရလာတဲ့ Song Ji Ah က နှာခေါင်းပြုပြင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ နှုတ်ခမ်းကိုတော့ မိတ်ကပ်နဲ့ပဲ ပြုပြင်တာပါလို့ ပြောပြထားပါတယ်။

Lee Da Hae

နာမည်ကြီးမင်းသမီး Lee Da Hae ကလည်း ပလတ်စတစ်ဆာဂျရီ လုပ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

Min Hyo Rin

Taeyang ရဲ့ ဇနီးချောလေးဖြစ်တဲ့ Min Hyo Rin က လှပတဲ့ နှာတံရှိတာကြောင့် အချို့က ခွဲစိတ်ထားတာလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ Min Hyo Rin ကတော့ သူမရဲ့ နှာခေါင်းကို ခွဲစိတ်တာမျိုး မလုပ်ခဲ့ဘဲ မျက်ရစ်ခွဲစိတ်မှုပဲ လုပ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

Source: Preview.ph

By MyStyle Myanmar