တက်တူးထိုးတာက လူတွေကြား ရေပန်းစားလာတဲ့ အရာတစ်ခု ဖြစ်ပြီး ဒါကို နာမည်ကျော်တွေလည်း ပိုနှစ်သက်လာကြပါတယ်။ တချို့ဆိုရင် အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်းနဲ့ တက်တူးထိုးကြပြီး တချို့နာမည်ကျော်တွေကတော့ ခန္ဓာကိုယ်ပေါ် အလှအနေနဲ့ ထိုးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်ကျော်တွေ ထိုးတဲ့ တက်တူးပုံစံတွေထဲမှာ လူပြောများခဲ့ဖူးကာ Hot Topics ဖြစ်ခဲ့တဲ့ တက်တူးတွေ ရှိပါတယ်။ ဘယ်နာမည်ကျော်တွေရဲ့ တက်တူးတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

Jennifer Lopez နဲ့ Ben Affleck

Jennifer Lopez နဲ့ Ben Affleck တို့ ပြန်တွဲတဲ့ သတင်းက လူပြောများခဲ့သလိုပဲ လိုက်ဖက်တဲ့ စုံတွဲရဲ့ တက်တူးကလည်း လူပြောများခဲ့ပါတယ်။

Scarlett Johansson

2018 မှာ Scarlett က တက်တူးအသစ် ခပ်ကြီးကြီးနဲ့ ပွဲတက်ခဲ့ပါတယ်။ သူမ ကိုယ်တိုင်က ဒီတက်တူးနဲ့ ပတ်သက်ပြီး မပြောထားပေမယ့် ပရိတ်သတ်တွေကတော့ သူမရဲ့ သမီး Rose Dorothy Dauriac အတွက် ရည်ရွယ်တာလို့ ခန့်မှန်းထားကြပါတယ်။

Priyanka Chopra

နေရာအသစ်တွေကို ခရီးထွက်ရတာ ဝါသနာပါသူပီပီ Priyanka က ဒီတက်တူးကို ထိုးခဲ့တာပါ။

Olivia Wilde

မင်းသမီး Olivia က လက်တစ်ဘက်မှာ သားဖြစ်သူရဲ့ Zodiac Sign နဲ့ တခြားတစ်ဘက်မှာ သမီးလေးရဲ့ Zodiac Sign ကို ထိုးထားပါတယ်။

Sophie Turner

Sophie Turner မှာ တက်တူးပေါင်း ၁၁ ခု ရှိပြီး ပုံထဲက တစ်ခုကတော့ သူမ ခင်ပွန်းနဲ့ ပထမဆုံး တွေ့ခဲ့တဲ့အချိန်ကို ရည်ရွယ်ပြီး ထိုးထားတာလို့ ပရိတ်သတ်တွေက ယုံကြည်ထားကြပါတယ်။ သူမက Joe Jonas နဲ့ ပထမဆုံးတွေ့တဲ့ ဟောလိုးဝင်း ပွဲမှာ ယုန်ပုံစံ ဝတ်ဆင်ခဲ့တာပါ။

Joe Jonas

တက်တူး အသစ်ကို Joe Jonas က ထုတ်ပြအပြီးမှာတော့ အမျိုးသမီးတစ်ဦးက အပေါက်ထဲက ချောင်းကြည့်နေတာလို့ အဓိပ္ပာယ်ပေါ်တဲ့ တက်တူးက ဇနီးသည်အတွက် ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Charlize Theron

မင်းသမီး Charlize Theron ရဲ့ တက်တူးကတော့ ဂျပန်စတိုင်ဖြစ်ပြီး အေးချမ်းတဲ့ စိတ်နေစိတ်ထားလို့ အဓိပ္ပာယ်ရပါတယ်။

Orlando Bloom

မင်းသား Orlando Bloom က သားနာမည် Flynn ကို Morse Code နဲ့တက်တူးထိုးခဲ့ပါတယ်။ ပထမတစ်ခေါက်မှာ Frynn ဆိုပြီး မှားထိုးခဲ့ပေမယ့် ကံကောင်းစွာနဲ့ ပြန်ပြင်နိုင်ခဲ့ပါတယ်။

Hilary Duff

Hilary Duff က တက်တူးအဓိပ္ပာယ်ဘာလဲ မပြောခဲ့ပေမယ့် ပရိတ်သတ်တွေကတော့ နှင်းဆီနှစ်ပွင့် တက်တူးက အလှဆုံးတက်တူးတွေထဲ ပါတယ်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။

Billie Eilish

Billie က သူမရဲ့ တက်တူး အဓိပ္ပာယ် တွေကို သိပ်ပြောပြလေ့မရှိပေမယ့် ၂၀၂၁ ဒီဇင်ဘာမှာတော့ တစ်ခုချင်းစီ ရှင်းပြခဲ့ပါတယ်။ ပုံထဲက နတ်သမီးပုံကတော့ သူမ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ပုံပြင်တွေထဲက နတ်သမီးကို ရည်ရွယ်ပါတယ်တဲ့။

Eva Mendes

Eva က သူမရဲ့ တတ်တူးအသစ် “de Gosling” ကို ထုတ်ပြခဲ့ပါတယ်။ Hispanic ယဉ်ကျေးမှုမှာ De ဆိုတာက အမျိုးသမီးရဲ့ နောက်ဆုံးနာမည်နဲ့ လက်ထပ်ပြီးနောက် ခင်ပွန်းနာမည်ဖြစ်ပါတယ်။ Eva Mendes နဲ့ Ryan Gosling က လက်မထပ်ရသေးပေမယ့် ပရိတ်သတ်တွေက လက်ထပ်ပြီးပြီလို့ ခန့်မှန်းထားကြပါတယ်။

Source: Brightside

By MyStyle Myanmar